တည်ကြည်ခိုင်ခံ့သောစိတ်
- စိတ်တည်ငြိမ်ဖို့ တည်ကြည်ခိုင်ခံဖို့ဆိုတာ စည်းကမ်းနဲ့အညီ စနစ်တကျ စူးစိုက်မှု စွမ်းအားကောင်းအောင် လေ့ကျင့် တည်ဆောက်မှ ရနိုင်မယ်။ စိတ်ရဲ့သဘာဝ၊ စိတ်ရဲ့အသွားအလာ အဖြစ်အပျက်တွေကို စောင့်ကြည့်သိမှတ်မယ်ဆိုရင် တည်ငြိမ်တဲ့စိတ်၊ တည်ကြည် ခိုင်ခံ့တဲ့စိတ် ဆိုတာတွေဟာ အလိုအပ်ဆုံး စိတ်အရည်အချင်းတွေပဲ။
တည်ဆောက်သောစိတ်
- စိတ်နဲ့ပတ်သက်တဲ့ လေ့ကျင့်ခန်းတွေကို အားထုတ်တော့မယ်ဆိုရင် စည်းကမ်းနဲ့အညီ အရင်ဆုံး တည်ဆောက်ရမယ့် စိတ်အနေအထား။
တည့်မတ်ဖြောင့်စင်း ရိုးသားသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
တတ်သိနားလည်စိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
တတ်ယောင်ကားစိတ်
- ဘာကိုမှ တိတိကျကျ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားခြင်း မရှိဘဲ တကယ်တတ်သလိုလိုနဲ့ လူအထင်ကြီးအောင် တတ်ချင်ယောင်ဆောင်ထားတဲ့ စိတ်အဆင့်။
တန်ပြန်စောင့်ကြည့်စိတ်
- စိတ်ကို စောင့်ကြည့်သိမှတ်နေတဲ့အခါမှာ အဆက်မပြတ် တရစပ် သိနေနိုင်ဖို့ဆိုတာ သတိစိတ်က သိမှတ်စိတ်ကို တန်ပြန် စောင့်ကြည့်ပေးနေမှ ဖြစ်မယ်။ အာရုံခြောက်ပါးကြောင့် ၀င်လာတဲ့ စိတ်တွေနောက်ကို မျောပြီးပါမသွားအောင် သတိစိတ်က တန်ပြန် စောင့်ကြည့်ပေးနေမှ ဖြစ်မယ်။ သိစရာရှိတာတွေကို အဆက်မပြတ် သိနေနိုင်ဖို့ဟာ အသိနဲ့သတိ စိတ်နှစ်ခုရဲ့ အပြန်အလှန် တန်ပြန် ထောက်လှမ်းမှုတွေ ရှိနေမှဖြစ်မယ်။ အသိလည်း မဟုတ်၊ သတိလည်း မဟုတ်တဲ့ စူးစမ်းဆင်ခြင် သုံးသပ်စိတ်တွေက လိုအပ်တာထက် ပိုများနေရင် စောင့်ကြည့်သိမှတ်မှုကို တန်ပြန် တိုက်ခိုက်မှုတွေ ဖြစ်စေတတ်တယ်။ အမြဲတမ်း တန်ပြန်ထောက်လှမ်း စောင့်ကြည့်ပေးနိုင်တဲ့ အသိနဲ့ သတိစိတ်တွေ အဆက်မပြတ် ရှိနေမှဖြစ်မယ်။