မီးခလုတ်တစ်ခုကို ဥပမာယူပြီး သိကြည့်ခဲ့တာ။
မီးခလုတ်ရဲ့သဘောက ခလုတ်ကို ရွှေ့ရင် မီးလင်းတယ်။
ဆန့်ကျင်ဘက်ကို ခလုတ်ပြန်ရွှေ့ရင် မီးပိတ်သွားတယ်။
အဲဒီခလုတ်ကို ကြည့်ပြီး အာရုံသစ်တစ်ခု ရခဲ့တာပဲ။
မီးခလုတ်လေး ဟိုဘက်ရွှေ့၊ ဒီဘက်ရွှေ့ လုပ်လိုက်ရုံလေးနဲ့ ဗို့အားရာထောင်ချီပြင်းတဲ့ လျှပ်စစ်မီးအားတွေကို
ဖြတ် တောက် တား ဆီး ပိတ်ပင် နိုင်သတဲ့လား!
ငါရော?
ငါရော?
ငါရော?
ကိုယ့်ဟာကိုယ် မေးခွန်းတွေ ထုတ်ပြီး
ကိုယ့်ဟာကိုယ် ပြန်ဖြေကြည့်တော့
နောက်ဆုံး ထွက်လာတဲ့ အဖြေက
ဆေးလိပ်စွဲနေတာ ပြတ်သွားတယ်။
ဆေးခြောက်စွဲနေတာ ပြတ်သွားတယ်။
အရက်သောက်နေတာ ပြတ်သွားတယ်။
(၆) နှစ်လောက် စွဲနေတဲ့ နံပါတ်ဖိုး (ဘိန်းဖြူ) ကို တိကနဲနေအောင် ဖြတ်လို့ရသွားတယ်။