သေချာစဉ်းစားကြည့်ရင် စိတ်က မြန်လွန်းအားကြီးလို့။ လူတွေဟာ မြင်မြင်ချင်း

လောဘ ဖြစ်တာတော့ မဟုတ်ဘူး။

တွေးလိုက်တာ၊ မြင်တဲ့အာရုံအပေါ်မှာ နှစ်သက်စရာ ကောင်းလိုက်တာ၊

လိုချင်စရာကောင်းလိုက်တာလို့ အတွေးပေါ်မှာ လောဘဖြစ်လာတာ။

အဲဒီနေရာမှာ ဖမ်းထိန်းနိုင်သွားပြီဆိုရင် မြင်စရာအာရုံနဲ့ ပတ်သက်ပြီး

လောဘဆိုတာ မလာတော့ဘူး။

သောကဆိုတာလည်း မလာတော့ဘူး။

အဲဒီအဆင့်ရောက်အောင် လေ့ကျင့်နိုင်ပြီဆိုရင်တော့ ဒါစိတ်ကို ပစ္စုပ္ပန်ကျကျထားတယ်လို့ ခေါ်တာပေါ့နော်။

ဒါလည်းပဲ ပြောရတာတော့ အင်မတန် လွယ်တယ်။

စိတ်က အမြဲတမ်း သူက အာရုံတစ်ခုနဲ့တွေ့ရင် အလေ့အကျင့်ရနေပြီ ဖြစ်တဲ့အတွက်ကြောင့် ဖျတ်ဖျတ်ဖျတ်နဲ့ ဆိုဖြစ်သွားပြီ။

ကိုယ်က အမြဲတမ်းနောက်ကျတာချည်းပဲ။

ပုထုဇဉ်တွေအနေနဲ့ အမြဲတမ်း နောက်ကျတယ်။

နောက်ကျမှ ပြန်ထိန်းနိုင်တာ။

စိတ်အစဉ်နဲ့ ပြောမယ်ဆိုရင် လက်ဖျစ် တစ်ဖျစ်တီးမှာ ကုဋေတစ်သိန်းလောက် ဖြစ်နိုင်တယ်ဆိုရင်၊

မီးစက်ဝိုင်း ဥပမာနဲ့ ပြောမယ်ဆိုရင် ဒါဟုတ်တယ်။

အင်မတန် လျင်မြန်တဲ့အခါကျတော့ အ၀ိုင်းကြီးလို့ထင်ရတယ်။

သို့သော်လည်း ဒီအပေါ်ရောက်တဲ့အချိန်မှာ အောက်မရှိဘူး၊ ရေးထားတယ်။

အလွန် လျင်မြန်တဲ့အချိန်မှာ ဖမ်းထိန်းဖို့ဆိုတာ သာမန်ပုဂ္ဂိုလ်တွေအဖို့ အလွန်ကို ခဲယဉ်းပါတယ်။ အလွန်ခဲယဉ်း ပါတယ်။

ဖြစ်လိုက်တာနဲ့ သူက ဖြစ်ပြီးသွားပြီ။

စိတ်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသနဲ့ မေးမြန်းဆွေးနွေးတုန်းက ဆရာတော် အမိန့်ရှိခဲ့တာပါ။