ဆရာကြီး ဦးသုခရေးတဲ့ စိတ်ဆိုသောစိတ် စာအုပ်ထဲမှာ မသိမှု၊ တွေဝေမှု၊

မိန်းမောမှု၊ မိုက်မဲမှု၊ ကုသိုလ်၊ အကုသိုလ်၊

အမှန်နဲ့အမှားကို ခွဲခြားပြီး မသိမှု၊

သစ္စာလေးပါး၊ ပဋိစ္စသမုပ္ပါဒ်၊ သူတော်ကောင်းတရား၊ လက္ခဏာရေးသုံးပါးတို့ကို မသိမှုမျိုးသည် မောဟ တဲ့။

မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ရေးသားတော်မူတဲ့ ကိုယ်ကျင့် အဘိဓမ္မာ စာအုပ်ထဲမှာ ဖော်ပြထားတာက

မောဟဆိုတာ မသိတတ်ခြင်းသဘော ဖြစ်သည်တဲ့

မောဟမှာ အနုသယ မောဟနဲ့ ပရိယုဌာန မောဟဆိုပြီး နှစ်မျိုးရှိတယ်။

အနုသယဆိုတဲ့ ပါဠိဟာ ငြိမ်ဝပ်ခြင်း၊ ကိန်းအောင်းနေခြင်းဟု အဓိပ္ပာယ်ရှိ၏။

ပရိယုဌာနဆိုတဲ့ ပါဠိဟာ ထကြွခြင်းဟု အဓိပ္ပာယ်ရှိ၏ တဲ့။

ပါမောက္ခချုပ်ဆရာတော် အရှင်နန္ဒမာလာဘိဝံသနဲ့ ဆွေးနွေးတုန်းကတော့

“နောက်ဆုံးမှာ ခုနက positive ဖြစ်နေတာကို ချေဖျက်ဖို့၊ positive ဆိုတာ potentiality possibility

ဒီမီးခြစ်ဖူးလေးထဲမှာ မီးဖြစ်နိုင်တဲ့ အနေအထားလေး ရှိနေတဲ့အတိုင်းပဲ။

ဂက်(စ်)မီးခြစ်ထဲမှာ နောက်ထပ် အကြောင်းတစ်ခု ထပ်ပေါင်းလိုက်တာနဲ့ သူက ဖြစ်လာတော့မှာ။

အဲဒီ အနေအထားလေးကိုကျတော့ ခုန ဒီအနေအထားတစ်ခုကို ဖျက်ဆီးဖို့၊ အနုသယကို ဖျက်ဆီးဖို့ကျတော့

ခုန ၀ိပဿနာကျင့်စဉ်တစ်ခုကို ကျင့်ပြီးတော့ မဂ်ဆိုတဲ့ အဆင့်ရောက်သွားမှ၊

မဂ်စိတ်ပေါ်မှ ဒီအနုသယက အဆင့်လိုက် အဆင့်လိုက် ချေဖျက်သွားနိုင်မှာပေါ့နော်။

အဲဒီလို ကျင့်စဉ်လေးတွေကို ကျင့်သွားနိုင်တာ ဒါ ဘုရားရဲ့ သိက္ခာသုံးရပ်၊ အကျင့်မြတ်ဆိုတာ

မဂ္ဂင်ရှစ်ပါးဆိုတာကလည်း ဒါပါပဲ။ ဒါနဲ့ လုပ်ထားတာဆိုတော့။

အဲတော့ အခု လောက လူတွေအတွက်က ဒီနံပါတ်တစ် ၀ိတိက္ကမလေး ထိန်းနိုင်ရင်ကို

သူတို့ တကယ့်သူတော်ကောင်းလေးတွေ ဖြစ်နေကြပြီ။ ၀ိတိက္ကမလေးအဆင့်ကို မထိန်းနိုင်ကြတာက များနေတယ်။

ခုန ဒီလောင်ကျွမ်းမှု အဆင့်ထိ မရောက်အောင်ကို မနည်းထိန်းရမှာပေါ့ သီလ၊

ဘုန်းကြီးပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ်ပေါ့။

ဟောဒီ ပရိယုဌာန အဆင့်ထိန်းဖို့ ဆိုတာကျတော့ တရားကိုကျင့်ပြီးတော့ ထိန်းမှရမှာ။

ခုန အနုသယဆိုတာကျတော့ အရိယာပုဂ္ဂိုလ်ဖြစ်သွားပြီဆိုမှ ဒီအနုသယအဆင့်က ချေဖျက်လို့ ရတာပေါ့နော်။”