လူ့ခန္ဓာကိုယ်ထဲက ပစ္စည်းတွေဟာ လူ့လောကထဲကို လူအဖြစ်ရောက်ရှိဖို့ သေချာကတည်းက

ခန္ဓာကိုယ်နဲ့အတူ ပါလာတဲ့ ပစ္စည်းတွေပဲ။

ယောက်ျား၊ မိန်းမလို့

ခွဲခြားတဲ့ ပစ္စည်းတွေကလွဲရင် လူသားအားလုံးရဲ့ ခန္ဓာကိုယ်ထဲမှာ ဒီပစ္စည်းတွေပဲပါတယ်။

ဂေါတမမြတ်စွာဘုရားမှာလည်း ဦးခေါင်းက တစ်ခုတည်း၊

ဦးနှောက်ကလည်း တစ်ခုတည်း၊

မျက်စိနှစ်လုံး၊ နားရွက်နှစ်ခု၊ နှာခေါင်းတစ်ခု၊

ပါးစပ်ထဲမှာ လျှာတစ်ခု၊

လက်နှစ်ဖက်၊ ခြေထောက်နှစ်ဖက်

အပိုပစ္စည်း မပါဘူး….။ဒါပေမယ့်…

မြတ်စွာဘုရားရဲ့သမ္မာသမ္ဗုဒ္ဓေါ ဆိုတဲ့ ဂုဏ်တော်အရ

သိစရာမှန်သမျှကို အကြွင်းအကျန်မရှိ အကုန်အစင် ဆရာမလို ကိုယ်တော်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်းပြီး
သိတယ်….. ဆိုတဲ့

သိခြင်း ဉာဏ်တော်ကတော့ အံ့သြစရာကောင်းလောက်အောင်

ရိုသေလေးစား၊ ကြည်ညို ညွတ်ကျိုး၊ ပူဇော်ကန်တော့ရတဲ့အထိ ကြီးကျယ်တဲ့ အရည်အချင်းပါပဲ။

တစ်ကမ္ဘာလုံးရဲ့

နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစတဲ့ သာမန်လူသား အသိုင်းအ၀ိုင်းတွေမှာလည်း လူချင်းအတူတူ နံပါတ်တစ် ဆိုတဲ့နေရာတွေမှာ တစ်ယောက်တည်း ဖြစ်နေတာ ဘာ့ကြောင့်လဲ?

ခန္ဓာကိုယ်ရှိတာချင်းအတူတူ၊ စိတ်တွေရှိတာချင်းအတူတူ ဘယ်နေရာမှာ ကွဲပြားခြားနားသွားတာလဲ?

အသိရှိတာချင်း မတူကြလို့လား?

သတိရှိတာချင်း မတူကြလို့လား?

အရင်ဦးဆုံး ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတွေကို လေ့လာကြည့်ရအောင်။

၃၂ ကောဋ္ဌာသတို့မှာ