(၃၀) နှပ်

ဦးနှောက်ကယိုထွက်လာတဲ့ အညစ်အကြေး အရည်ဖြစ်ပြီး နှာခေါင်းဖုမှာ တည်တယ်တဲ့။

ထူးခြား ဖောက်ပြန်တဲ့ ရာသီဥတုနဲ့ အစားအစာတွေကြောင့် ဦးခေါင်းထဲမှာ သလိပ်ပုပ်အဖြစ် ပြောင်းရွှေ့သွားတာတဲ့။

ဦးနှောက်ဆီက လျှောကျပြီး အာခေါင်ကနေ အပေါက်အနေနဲ့ ဆင်းပြီး နှာခေါင်းဖုမှာ ပြည့်လာတာတဲ့။

နှာခေါင်းထဲက အပြင်ကို ထွက်လာတဲ့အခါကျတော့ နှပ်ဆိုတဲ့ နာမည်တစ်ခု သတ်မှတ်ခြင်း ခံရတယ်။

အညစ်အကြေးဆိုတာ တစ်ကိုယ်လုံးမှာ ရှိနေတာထက်၊ လူတွေတန်ဖိုးထားအားကိုးတဲ့ ဦးနှောက်ထဲက အညစ်အကြေး အရည်ဟာ နှပ်ဖြစ်လာတာတဲ့။

လူ့ခန္ဓာကိုယ်ထဲမှာ မရှိမဖြစ် ပါဝင်နေတဲ့ အင်္ဂါအစိတ်အပိုင်းတွေဟာ အညစ်အကြေးဖြစ်စေတာတွေ များနေတယ်။

ခန္ဓာကိုယ်အပြင်ဘက်မှာ ဘာလုပ်လုပ်၊ ဘာဖြစ်ဖြစ်၊

ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတွေကတော့ သူတို့အလုပ်သူတို့ လုပ်နေကြတာ အဆက်မပြတ်ပဲ။

ဒီထဲမှာ ငါဆိုတဲ့အရာကို ရှာကြည့်တာ မတွေ့ဘူး။

စိတ်ပျက်စရာ ပစ္စည်းတွေနဲ့အတူ လူဖြစ်နေရတဲ့ ဒုက္ခကတစ်မျိုး၊

ငါဆိုတာကြီးက ပါပါလာတဲ့ မသိမှုကတစ်မျိုး၊

ခန္ဓာကိုယ်အကြောင်း သိအောင် မလေ့လာကြဘဲ ဘယ်အချိန်ထိ ဒုက္ခခံနေကြဦးမလဲ?

(၃၁) အစေး

ကိုယ်ခန္ဓာထဲက အရိုးဆက်တွေရဲ့ ကြားထဲမှာရှိနေတဲ့ ကျိချွဲသော အစေးပုပ်တဲ့။

လာပြန်ပြီ အပုပ်

၁၈၀ ရှိတဲ့ အရိုးဆက်တွေရဲ့ကြားထဲမှာ တည်ရှိတာတဲ့။

၃၂ကောဋ္ဌာသဆိုတော့ နောက်ဆုံးကျန်တဲ့တစ်ခုကရော အပုပ် အညစ်အကြေးက လွတ်ပါ့မလား?