(၂၆) အဆီခဲ

ကိုယ်ခန္ဓာ ၀ဖြိုးတဲ့သူတွေဆိုရင် အဆီခဲတွေဟာ တစ်ကိုယ်လုံးရဲ့ အရေနဲ့အသားကြားမှာ ရှိတယ်တဲ့။

ပိန်တဲ့လူတွေကျတော့ ခြေသလုံးသား၊ ပေါင်သား၊ ၀မ်းပျဉ်းသား စတဲ့အသားတွေကိုမှီပြီး တည်ရှိတယ်တဲ့။

ဝခြင်း၊ ပိန်ခြင်းကို လူအချင်းချင်းကသာ အသိအမှတ်ပြုနေကြတာ။

ခန္ဓာကိုယ်ထဲက အဆီခဲအနေနဲ့တော့ သူ့ကြောင့် ၀ခြင်း၊ ပိန်ခြင်း ကွဲပြားနေတာကို မသိရှာဘူးတဲ့။

(၂၇) မျက်ရည်

မျက်စိက ထွက်လာတဲ့အရည် ဖြစ်တယ်။

မျက်အိမ်တွင်းထဲမှာ တည်ရှိတယ်တဲ့!

မျက်ရည်တွေ ထွက်လာတာကို မျက်စိက မသိဘူး။

မျက်ရည်ကိုယ်တိုင်ကလည်း မျက်စိထဲက ထွက်လာတာ မသိဘူး။

မျက်ရည်ဆိုတာ မျက်စိထဲကပဲ ထွက်တယ်။

ဒီ့ထက်ပိုပြီး စိတ်ဝင်စားစရာကောင်းတာက ၀မ်းနည်းလို့ မျက်ရည်ထွက်တာထက်၊

ဝမ်းသာလွန်းရင်လည်း မျက်ရည်ထွက်တာပဲ။

(၂၈) ဆီကြည်

အခဲမဟုတ်တဲ့ ဆီကြည်

မျက်နှာပြင်၊ နှာခေါင်းထိပ်၊ နဖူး၊ လက်ဖ၀ါး၊ လက်ဖမိုး၊ ခြေဖ၀ါး၊ ခြေဖမိုး၊

ပခုံးစွန်း စတဲ့နေရာတွေမှာ နေအပူရှိန်ကြောင့်

မီးအပူရှိန်ကြောင့် တည်ရှိခွင့်ရလာတဲ့၊ ကြည်နေတဲ့ အဆီ

(မျက်နှာ အဆီပြန်တယ်လို့ ပြောကြဆိုကြတဲ့ ဆီကြည်။)

(၂၉) တံတွေး

ပါးစပ်ထဲမှာ အမြှုပ်နဲ့ရောနေတဲ့ အရည်တစ်မျိုး ဖြစ်တယ်တဲ့။

ပါးစောင်နှစ်ဘက်က ထွက်ပြီး လျှာပေါ်မှာ တည်ရှိတယ်တဲ့။

အဲဒီတံတွေးဟာ လျှာဖျားမှာ ကျဲတယ်။ ပါးတယ်။ လျှာအရင်းမှာ ကျတော့ ပစ်ချွဲတယ်တဲ့။

ပါးစပ်ထဲကို စားစရာတစ်ခုခု ရောက်လာတဲ့အခါမှာ စိုစွတ်သွားစေဖို့၊ ဆောင်ရွက်ပေးနိုင်တယ်တဲ့။

တံတွေးနဲ့ လျှာနဲ့ ပူးတွဲနေပေမယ့် သူတို့ချင်းကတော့ သိခြင်းသဘော မရှိကြပြန်ဘူးတဲ့။