(၉) ရိုးတွင်းခြင်ဆီ

အရိုးတွေရဲ့ အထဲမှာရှိတဲ့ ခြင်ဆီ..

ဒီနေရာမှာလည်း အရိုးက သူ့ထဲမှာ ခြင်ဆီရှိနေတာကို မသိဘူးတဲ့။

ခြင်ဆီကလည်း အရိုးထဲမှာ ရှိနေရတာကို မသိပြန်ဘူးတဲ့။

(၁၀) အညှို့

လည်ချောင်းက ထွက်လာတုန်းက တစ်ခုတည်းသော အကြောမကြီးကနေ နှစ်ခုကွဲသွားတဲ့

အကြောမကြီး အဖြစ်နဲ့ ဖွဲ့စည်းပြီး နှလုံးကို ခြံရံတည်ရှိတယ်တဲ့။

အညှို့က နှလုံးကို ခြံရံတာ၊ နှလုံးက မသိသလို.. အညှို့ကလည်း မသိပြန်ဘူးတဲ့။

(၁၁) နှလုံး

Heart Beat

ခန္ဓာကိုယ်ထဲက ရင်ရိုးချိုင့်ရဲ့ အလယ်ကိုမှီပြီး တည်ရှိတယ်တဲ့။

ခန္ဓာကိုယ်တစ်ခုလုံးကို သွေးတွေပို့ပေးတဲ့ တာဝန်ကို ယူထားရတယ်တဲ့။

ခန္ဓာကိုယ်မှာ နှလုံးဟာ အရေးအကြီးဆုံး ပစ္စည်းတစ်ခုဆိုပေမယ့် အဲဒီအရေးကြီးတယ်ဆိုတာကြီးကို နှလုံးကိုယ်တိုင်က မသိပြန်ဘူးတဲ့။

ကဲ ! ထူးဆန်းနေပြန်ပြီ။

ဆင်းရဲချမ်းသာမရွေး၊ ဘယ်နေရာမှာနေနေ လူသားမှန်ရင် ခန္ဓာကိုယ်ထဲမှာ တစ်ခုစီသာရှိတဲ့ နှလုံးဟာ သူ့အလုပ်သူ လုပ်နေတာပဲ။

(နှလုံးဟာ ငါမဟုတ်ဘူးဆိုတာ သိကြည့်ပါ။

လူ့ခန္ဓာကိုယ်ထဲမှာ တစ်ခုစီပါလာတဲ့ အင်္ဂါအစိတ်အပိုင်း တစ်ခု…

သူ့တာဝန်သူ ယူထားတဲ့ တစ်ခု.. ငါမဟုတ်ဘူး။)

နှလုံးမှာ ဘယ်ဘက်သွေးဝင်ခန်းနဲ့ သွေးလွှတ်ခန်း၊ ညာဘက်သွေးဝင်ခန်းနဲ့ သွေးလွှတ်ခန်း ရှိတယ်။

ပြီးတော့ သွေးတွေကို ၄၅စက္ကန့်မှာ တစ်ခါ၊ တစ်ကိုယ်လုံးအနှံ့ရောက်အောင် ညှစ်ထုတ်ပေးနေလို့ အသက်ရှင်ခွင့် ရနေတာတဲ့။

မိခင်ရဲ့ ကိုယ်ဝန်ထဲမှာ ပဋိသန္ဓေတည်ပြီး သုံးလလောက်တည်းက နှလုံးခုန်ခြင်းအလုပ်ကို လုပ်ပေးနေတာတဲ့။

နှလုံးခုန်တာ ရပ်ပြီဆိုရင် သေပြီလို့ သတ်မှတ်တယ်တဲ့။

နှလုံးရဲ့ သွေးညှစ်အားလျော့ရင် ဦးနှောက်ဆီကို သွေးရောက်တာနည်းပြီး မေ့တတ်တဲ့ရောဂါ ရတတ်တယ်တဲ့။

ထိတ်လန့်စရာမြင်ကွင်း တစ်ခုခုကို မြင်တဲ့အချိန်မှာ နှလုံးခုန်တာ၊ မြန်သွားတာ ဘာ့ကြောင့်လဲ?

မြင်တာလည်း မဟုတ်၊ ကြားတာလည်း မဟုတ် ကြုံခဲ့ဖူးတဲ့ အကြောင်းအရာ တစ်ခုခုကို ပြန်တွေးမိလို့ ရုတ်တရက် သတိရပြီး နှလုံးခုန်မြန်လာတာ ဘာ့ကြောင့်လဲ?

အာရုံခြောက်ပါးနဲ့ နှလုံးနဲ့ အဆက်အစပ် ရှိနေတာတွေ သိထားသင့်တယ်။