
သ မ္မာ သ ဗ္ဗု ဒ္ဓေါ
သိစရာမှန်သမျှ အရာအားလုံးကို
အကြွင်းအကျန်မရှိ အကုန်အစင်
ဆရာမလို ကိုယ်တော်တိုင် ကိုယ်ပိုင်ဉာဏ်ဖြင့်
ထိုးထွင်း၍ သိတော်မူသော မြတ်စွာဘုရား။

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူခါနီး မိန့်မှာခဲ့သော
နောက်ဆုံးစကားတော်
ဝယ ဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ပေးရသမျှ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘော ရှိကြကုန်၏။
မမေ့သော သတိတရားဖြင့် ကိစ္စပြီးအောင် အားထုတ်ကြကုန်လော့။
(တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ မင်းကွန်းဆရာတော်ဘုရားကြီး အရှင်ဝိစိတ္တသာရဘိဝံသ
ရေးသားတော်မူသော မဟာဗုဒ္ဓ၀င် ပဉ္စမတွဲ စာမျက်နှာ ၄၈၂)
နောက်ဆုံးစကားတော်
ဝယ ဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ပေးရသမျှ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘော ရှိကြကုန်၏။
မမေ့သော သတိတရားဖြင့် ကိစ္စပြီးအောင် အားထုတ်ကြကုန်လော့။
(တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ မင်းကွန်းဆရာတော်ဘုရားကြီး အရှင်ဝိစိတ္တသာရဘိဝံသ
ရေးသားတော်မူသော မဟာဗုဒ္ဓ၀င် ပဉ္စမတွဲ စာမျက်နှာ ၄၈၂)
မမြင်ဖူးပေမယ့်
အသိနဲ့သတိ ရှိမှန်း သိတဲ့သူတွေ..
သိချင်တဲ့သူတွေ..
သိကြည့်နေတဲ့သူတွေ..
မ ရှိ တာ ထက် မ သိ တာ ခက်၊ မ သိ တာ ထက် မ လုပ် တာ ခက်- မရှိခြင်းသဘောကို သိကြည့်ခြင်း
- ရှိခြင်းသဘောကို သိကြည့်ခြင်း
- မသိခြင်းသဘောကို သိကြည့်ခြင်း
- သိခြင်းသဘောကို သိကြည့်ခြင်း
- မလုပ်တာခက်ခြင်းသဘောကို သိကြည့်ခြင်း
- သတိရဲ့ သဘောကို သိကြည့်ခြင်း တွင်ကြည့်ပါ။
အိုခြင်း၊ နာခြင်း၊ သေခြင်းသဘောတွေ ဘာ့ကြောင့်ဖြစ်နေကြတာလဲ?
ဒုက္ခ ဆိုတာတွေ ဘာ့ကြောင့်ဖြစ်နေကြတာလဲ?
သိစရာရှိတာတွေထဲက
သိကိုသိရမယ့် သိစရာတွေကို သိလို့ရသလောက် သိကြည့်မယ်ဆိုရင်
ခန္ဓာကိုယ်နဲ့ စိတ်တွေရှိနေလို့ပဲ!
စိတ်ကို မှီပြီး ရုပ်ခန္ဓာတွေ ဖြစ်လာတယ်။
ရုပ်ခန္ဓာကို မှီပြီး စိတ်တွေ ဖြစ်လာတယ်။
- ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတွေရဲ့ သဘောကို သိကြည့်ခြင်း
- ရုပ်နာမ်သဘောကို သိကြည့်ခြင်း
- မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ပစ္စည်းခြောက်ခုရဲ့ သဘောကို သိကြည့်ခြင်း တွင်ကြည့်ပါ။
သိစရာရှိတာက မိမိခန္ဓာကိုယ်နဲ့ မိမိစိတ်အကြောင်း၊
သိကိုသိရမယ့် သိစရာတွေက မိမိခန္ဓာကိုယ်နဲ့ မိမိစိတ်အကြောင်း၊
သိလို့ရသလောက် သိကြည့်ရမှာက မိမိခန္ဓာကိုယ်နဲ့ မိမိစိတ်အကြောင်း၊