(၁၂) အသည်း

liver

သားမြတ်နှစ်ခုရဲ့ အတွင်းမှာ ညာဘက်နံပါးကို မှီပြီး တည်ရှိတယ်တဲ့။

ဒီအသည်းဆိုတာလည်း ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတွေထဲက အရေးကြီးတဲ့ ပစ္စည်းတစ်ခုပဲ။

အသည်းကလည်း အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်း အနေနဲ့ မသိပြန်ဘူးတဲ့။

အသည်းကို အသည်းမှန်း အသည်းက မသိပေမယ့် အသည်းကို အသည်းလို့ မြန်မာလူမျိုးတွေရဲ့ မြန်မာ စကားလုံးအနေနဲ့ သတ်မှတ်ပြီး အသည်းမှန်းသိတဲ့ အသိတစ်ခုကတော့ ခန္ဓာကိုယ်ထဲမှာ ရှိနေတယ်။

(၁၃) အမြှေး

နှစ်မျိုးရှိတယ်တဲ့။ နှလုံးနဲ့ အညှို့ကို ဖုံးအုပ်တဲ့ အမြှေးက တစ်မျိုး၊

တစ်ကိုယ်လုံး ဖုံးလွှမ်းထားတဲ့အရေရဲ့ အောက်မှာရှိတဲ့ အသားကို မြှေးယှက်ပြီး တည်ရှိတာက တစ်မျိုး။

အမြှေးဆိုတာလည်း တစ်မျိုးနဲ့ တစ်မျိုး နှလုံးသွင်းတဲ့ အသိတွေ မရှိကြဘူးတဲ့။

သူတို့နားကပ်နေတဲ့ နှလုံး၊ အညှို့၊ အရေ၊ အသား စတာတွေနဲ့လည်း အပြန်အလှန် နှလုံးသွင်းခြင်း မရှိကြပြန်ဘူးတဲ့။

(၁၄) အဖျဉ်း

နှလုံးရဲ့ ဘယ်ဘက်မှာရှိတဲ့ အစာသစ် အိမ်လွှာ အပေါ်ဘက်မှာ မှီပြီး တည်ရှိတယ်တဲ့။

အစာအိမ်ရဲ့ အပေါ်ဘက်မှာ ရှိပြီး သရက်ရွက်လို့လည်း ခေါ်တယ်တဲ့။

ဒီအဖျဉ်းဆိုတဲ့ ပစ္စည်းကို

လက်နက်တစ်စုံတစ်ရာနဲ့ ထိုးခုတ်လိုက်လို့ အပြင်ကို ထွက်လာရင်တော့

သေဆုံးခြင်းကို ဖြစ်စေတယ်တဲ့။