မြန်မာလူမျိုးတချို့ ပြောနေကျ စကားတစ်ခုရှိတယ်။

မဖြစ်နိုင်တာ ဘာမှမရှိဘူး။

မဖြစ်သေးတာပဲ ရှိတယ် ဆိုတဲ့စကားပဲ။

မခံချင်တဲ့ စိတ်နဲ့ပဲ ပြောပြော.. အထင်သေးခံရမှာစိုးလို့ပဲ ပြောပြော..

ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ ပြောပြော.. ဘာအယူအဆနဲ့ပဲ ပြောပြော..

မဖြစ်နိုင်တာ ဘာမှမရှိဘူးဆိုတဲ့ စကားအဓိပ္ပါယ်ထဲမှာ ဖြစ်အောင်လုပ်ရင် ဖြစ်နိုင်တယ်

ဆိုတဲ့ အဖြေပါနေတယ် ဆိုတော့…

 

လုပ်ကြည့်ချင်တဲ့စိတ်နဲ့ လက်တွေ့လုပ်ကြည့်ပါလား?

မလုပ်ကြည့်သေးလို့ ခက်နေတာ ဖြစ်မယ်။

မဖြစ်သေးတာပဲ ရှိတယ်ဆိုတဲ့ စကားအဓိပ္ပါယ်ထဲမှာလည်း ဖြစ်အောင်လုပ်ကြည့်တဲ့

နေရာမှာ လုပ်နည်းစနစ်မှားနေလို့၊

မပြည့်စုံလို့၊ လုပ်သလို မဖြစ်သေးတာကို

စိတ်ပျက်ပြီး မလုပ်တာ ခက်နေတာလား?

လုပ်နေရင်းနဲ့ အာရုံစိုက်ရတာတွေ များလွန်းလို့ စိတ်ပင်ပန်းသွားပြီး မဖြစ်သေးတာကို

သည်းမခံနိုင်တော့ပဲ စိတ်ဝင်စားမှု လျော့ကျသွားတာတွေကြောင့်

မလုပ်တာ ခက်နေတာလား?

သူတစ်ပါးအကျိုးကို လိုလားတယ်ဆိုတဲ့ မေတ္တာစိတ်သဘောရဲ့ တန်ဖိုးကို သိပေမယ့်

ပြိုင်ဘက်ရန်သူ ဖြစ်နေလို့ မေတ္တာထားခြင်းစိတ်ကို သိသိကြီးနဲ့ မလုပ်တာ

ခက်နေတာလား?

သူတစ်ပါး ချမ်းသာတာကို ၀မ်းမြောက်ပေးတဲ့ မုဒိတာစိတ်ရဲ့ မြင့်မြတ်မှုကို သိပေမယ့်

ပြိုင်ဘက်ရန်သူ အပေါ်ထားဖို့ မလုပ်တာ ခက်နေတာလား?

လိုချင်တပ်မက်တဲ့ စိတ်ကြီးက နှစ်ပေါင်းများစွာ ငြိတွယ်စွဲလမ်းခဲ့တာ ကြာသွားလို့

သိသိကြီးနဲ့ ခွာချဖို့ကျတော့ မလုပ်တာ ခက်နေတာလား?