အမှောက်မှောက် အမှားမှား ဖြစ်ကုန်သောစိတ်
- အဓိက တရားခံကတော့ သတိလွတ်နေလို့ပဲ။ သတိစိတ်မရှိလို့ အာရုံခြောက်ပါးကြောင့် ဖြစ်ပေါ်လာတဲ့စိတ်က စိတ်ထဲ ၀င်ခွင့်ရသွားတာ။ မိမိစိတ်ထဲမှာ စိတ်ချင်းစိတ်ချင်း လာထိတဲ့ (ဖဿစေတသိက်) ထိချက်က ပြင်းလွန်းတော့ ခံစားရင်း ခံစားရင်း၊ ခံစားမိတဲ့စိတ်ကို အစွဲအလမ်းဖြစ်သွားတာ။ ခံစားနေရတဲ့စိတ်က ကြာလာတော့ ဒုက္ခအဖြစ်ပြောင်းသွားပြီး ခံစားနေရတာကို မကြိုက်ချင်ဘူး ဖြစ်လာတယ်။ ဒီခံစားမှုကြီးကို သတိမရအောင်၊ ပျောက်သွားအောင်၊ ဘယ်လိုလုပ်ရမှန်း မသိဘူး ဖြစ်နေတယ်။ ခဏခဏ သတိရရနေတဲ့ ခံစားမှုစိတ် အထိအငြိကို မကျေနပ်တဲ့ စိတ်တွေဖြစ်လာတယ်။ အဲဒီမကျေနပ်တဲ့ စိတ်ကိုပါ နောက်ထပ်ဆင့်ပွားဖြစ်တဲ့ ဒေါသအနေနဲ့ အစွဲဖြစ်သွားပြန်ရော။ ဒီခံစားမှုအဆင့်ဆင့်တွေရဲ့ သက်သာရာ သက်သာကြောင်းကို ဘယ်လိုဖြေရှင်းရမှန်း မသိတော့၊ ပျောက်ချင်ဇောနဲ့ လုပ်မိ လုပ်ရာတွေ လျှောက်လုပ်ရင်း လုပ်သမျှတိုင်းဟာလည်း အမှားမှား အယွင်းယွင်းတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်ကုန်တဲ့ စိတ်အဆင့်။
(ဒီအဆင့်ရောက်သွားပြီဆိုရင် သတိစိတ်ကို တည်ဆောက်ပြီး မိမိစိတ်ကို စောင့်ကြည့်သိမှတ်တဲ့ လေ့ကျင့်ခန်းကို လုပ်လိုက်ရင် သက်သာသွားရော။)
အမှတ်ကြီးသောစိတ်
- ကောင်းတဲ့ဘက်က အဓိပ္ပာယ်ယူမယ်ဆိုရင် စောင့်ကြည့်သိမှတ်နေတဲ့ သိမှတ်မှုစွမ်းအား ကောင်းအောင် အသိနဲ့သတိ ပူးပေါင်းပြီး သိမှတ်မှုကို စူးစူးစိုက်စိုက်၊ ထဲထဲဝင်ဝင် အားထုတ်နေတဲ့ စိတ်အဆင့်။ မကောင်းတဲ့ဘက်က အဓိပ္ပာယ်ဆိုရင်တော့ အနိုင်ကျင့် စော်ကားခံလိုက်ရတဲ့ ဒဏ်ကို တန်ပြန် ကလဲ့စားချေမယ်ဆိုပြီး အငြိုးအတေးထားတဲ့ မှတ်သားစိတ်ကြီးက အကောင်အထည် မဖော်မချင်း မိမိစိတ်ထဲမှာ ပူလောင်ဆင်းရဲ၊ ပင်ပန်းနေတဲ့စိတ်။
အမှတ်တမဲ့စိတ်
- အမှတ်တမဲ့ ဖြစ်နေတဲ့စိတ်ကို သတိနဲ့ထိန်းပြီး အမှတ်တရ စိတ်ဖြစ်အောင် ပြောင်းလိုက်နိုင်ရင်၊ အမှတ်ထင်ထင် သိမြင်နိုင်တဲ့ အဆင့်တက်ပြီး အရာရာဟာ မှတ်မှတ်ရရတွေ ဖြစ်လာစေတယ်။ (စိတ်ဆိုတာ ပြင်လို့ရတယ်။ ပြင်တဲ့နေရာမှာ အသိနဲ့ သတိစိတ် လိုတယ်။)
အမှတ်မှားသောစိတ်
- ဒီစိတ်နှစ်မျိုးရဲ့ သဘောကို ပူးတွဲပြီး လေ့လာဖို့အတွက်
အမှတ်မှန်သောစိတ်
အမှတ်သည်းခြေကြီးသောစိတ်
- စိတ်ထဲဝင်လာတဲ့ အာရုံနဲ့စိတ်၊ စိတ်ချင်း ထိတွေ့ပြီး ဖြစ်ပေါ်လာတဲ့ ခံစားမှုအရှိန်အပေါ်မှာ မူတည်ပြီး မကျေနပ်မှုကိုပဲဖြစ်ဖြစ်၊ ကျေနပ်မှုကိုပဲဖြစ်ဖြစ်၊ မမေ့နိုင်၊ မပျောက်နိုင် အချိန်ကာလကြာမြင့်စွာ မှတ်ထားတဲ့စိတ်။