အမှန်းအဆကောင်းသောစိတ်
- လုပ်ငန်း အတွေ့အကြုံများတဲ့သူတွေဟာ မိမိကျွမ်းကျင်တဲ့အလုပ်နဲ့ ပတ်သက်ပြီး ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာကို အနီးစပ်ဆုံး မှန်းဆနိုင်တဲ့ အရည်အချင်းရှိတဲ့စိတ်။
အမျှင်တန်းနေသောစိတ်
- လုပ်နေဆဲ အလုပ်ကိုပဲဖြစ်ဖြစ်၊ တစ်စုံတစ်ယောက်ကိုပဲဖြစ်ဖြစ်၊ အခါအားလျော်စွာ သတိရရနေရင် သံယောဇဉ် မပြတ်ဘူးလို့ ဝေဖန် စွပ်စွဲခံရတဲ့ စိတ်အမျိုးအစား။
အမြှောက်ကြိုက်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အယူသီးသောစိတ်
- အယူအဆ တစ်ခုခုအပေါ်မှာ ယုံကြည်မှု ပြင်းထန်လွန်ကဲပြီး ဖြစ်ပေါ်လာတဲ့ စွဲလမ်းစိတ်အမျိုးအစား။
အယူအဆညှိမရသောစိတ်
- ဖြစ်သင့်တာကိုပဲ တွေးတွေးဆဆ၊ ချင့်ချင့်ချိန်ချိန်၊ အညီအမျှ လျှော့ပေးလိုက်ရင် ညီသွားနိုင်တယ်။ နှစ်ဖက်လုံးက လျှော့မပေးဘဲ တင်းထားရင်တော့ ဘယ်တော့မှ ညှိလို့ရမှာ မဟုတ်တဲ့ စိတ်အနေအထား။
အယောင်ဆောင်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အယောင်ယောင်အမှားမှား ဖြစ်နေသောစိတ်
- သတိစိတ်မရှိတဲ့အခါမှာ ဖြစ်တတ်တဲ့ စိတ်သဘော။
အယုတ်တမာစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အယုတ္တအနတ္တစိတ်
- ညစ်ပတ်ရိုင်းစိုင်းတဲ့ စကားလုံးတွေသုံးပြီး ဆဲရေးတိုင်းထွာပြောမှ၊ ဆိုမှ၊ ထိထိရောက်ရောက် အားရပါးရရှိတယ်လို့ ယူဆကြတဲ့သူတွေရဲ့ အကျင့်စိတ်။
အရသာသိသောစိတ်
- သံပရာသီးဆိုတာ ချဉ်တယ်။ ဆားဆိုတာ ငံတယ်။ သကြားဆိုတာ ချိုတယ်။ အဲဒီအရသာတွေကို သိတာ၊ လူ့ခန္ဓာကိုယ် တစ်ခုလုံးမှာ လျှာတစ်ခုတည်းကသာ သိနိုင်တယ်။ အရသာကိုသိတဲ့စိတ်ဟာ ပါးစပ်ထဲက လျှာမှာပဲရှိတယ်။
အရာရာကိုစွန့်လွှတ်နေသောစိတ်
- စွန့်လွှတ်ခြင်းဆိုတဲ့အထဲမှာ အခက်အခဲဆုံးနဲ့ အဆင့်အမြင့်ဆုံးကတော့ မိမိခံစားနေတဲ့စိတ်ကို ဆက်တိုက် စွန့်လွှတ်နေရတဲ့ စိတ်အလုပ်ပဲ။
အရာရာကို ပတ်သက်ချင်နေသောစိတ်
- အရာရာကို စပ်စုပြီး ပတ်သက်ချင်နေတဲ့ စိတ်ဟာ မိမိကို ဒုက္ခဖြစ်အောင် ပြုလုပ်နေတဲ့စိတ်ပဲ။
အရာရာကိုလက်မခံသောစိတ်
- သက်သေ အထောက်အထား အခိုင်အလုံ၊ အပြည့်အစုံနဲ့၊ လက်တွေ့ရှင်းပြတတ်တဲ့သူရဲ့ အရည်အချင်းကို သေသေချာချာ မကြုံဘူး၊ မမြင်ဘူး၊ မသိဘူးသေးလို့သာ အဲဒီခေါင်းစဉ်နဲ့ စိတ်က ဖြစ်ခွင့်ရနေတာပါ။
အရူးအမူးဖြစ်နေသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အရူးအမိုက်စိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အရေခြုံထားသောစိတ်
- မင်းသားအရေခြုံထားတဲ့ ဘီလူးဆိုရင် လူသားစားမယ်။ မြေခွေး အရေခြုံထားရင် ကောက်ကျစ်စဉ်းလဲမယ်။ အဖိုးတန် သစ်ခွပန်း အရေခြုံထားရင် တန်ဖိုးတက်မယ်။ အသိနဲ့သတိ အရေခြုံထားရင် ဒုက္ခထဲက လွတ်မြောက်ပြီး ငြိမ်းအေးသက်သာမယ်။
အရေထူနေသောစိတ်
- ပြောပါများသွားလို့ နားရည်ဝပြီး မထူးဆန်းတော့တဲ့ စကားလုံးအဟောင်းတွေကြောင့် စိတ်မ၀င်စားတော့ဘဲ၊ ဘယ်လိုပြောပြော နားမ၀င်တော့တာလား? (နားလည်လွယ်မယ့် စကားလုံးအသစ်တွေသုံးပြီး သဘောပေါက်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းပြရင်ရော? ထူနေတဲ့ အသိက ဘယ်လိုအပြောင်းအလဲမျိုး ဖြစ်သွားနိုင်မလဲ?)