အဆက်မပြတ်ဖြစ်နေသောစိတ်
အဆက်အစပ်ရှိနေသောစိတ်
- မျက်စိကမြင်လိုက်တာနဲ့ နှလုံးခုန်တာတွေ မြန်ကုန်တာ ဘာ့ကြောင့်လဲ? ဆဲဆိုသံကြားလိုက်တာနဲ့ ဒေါသတွေထွက်ပြီး အသားတွေတုန်လာတာ ဘာ့ကြောင့်လဲ?
အဆင်သင့်ပြင်ဆင်ထားသောစိတ်
- ကြိုတင်ပြင်ဆင်ထားလို့ အဆင်သင့်ဖြစ်နေတဲ့ စိတ်အဆင့်ဟာ မိမိလုပ်မယ့် အလုပ်အတွက် သေချာမှုကို ဖြစ်စေပါတယ်။
အဆင့်အတန်းခွဲခြားတတ်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အဆင့်အတန်းမြင့်သောစိတ်
- မိမိနဲ့တခြားလူတွေရဲ့ ကိုယ်ပိုင်ခံစားချက်တွေကို သဘောပေါက်နားလည်ပြီး မိမိကိုယ်ကို စိတ်တက်ကြွအောင် အားပေးနိုင်ခြင်း၊ မိမိခံစားချက်တွေကို မိမိကိုယ်တွင်းမှာပဲ စီမံခန့်ခွဲခြင်း။ မိမိရဲ့ခံစားချက်ကို တခြားလူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ စီမံခန့်ခွဲခြင်း၊ မိမိနဲ့ တခြားလူတွေရဲ့ နှလုံးသားကို ဦးနှောက်နဲ့ နားလည်ပေးပြီး အကျိုးရှိရှိ ဆောင်ရွက်နိုင်ခြင်း။ အဓိကကတော့ မိမိစိတ်ခံစားမှုကို မိမိကိုယ်တိုင် ထိန်းကျောင်းနိုင်ခြင်း။ စိတ်ခံစားချက်ရဲ့ စေခိုင်းမှုနောက်ကို မလိုက်ဘဲ မိမိကသာ ခံစားချက်တွေကို ကိုင်တွယ်နိုင်တဲ့စိတ်။ ဒီစိတ်ဟာ Emotional intelligence Quotient = (EQ) ဆိုပြီး The Voice ဂျာနယ်မှာ ဆရာဇေယျသူရဲ့ ဖော်ပြချက်ကို စံပြစိတ်အပြင် အဆင့်အတန်းမြင့်တဲ့ စိတ်အဖြစ်ပါ ဂုဏ်ပြုစွာ ထပ်ဆင့်ဖော်ပြပါတယ်။
အဆင်းတွန်းတတ်သောစိတ်
- ကုန်းလျှောဖြစ်နေတဲ့ နေရာတစ်ခုမှာ အထိန်းအချုပ်မရှိဘဲ ကုန်းဆင်းအတိုင်း အရှိန်နဲ့ ဆင်းလာတာကို အောက်ကို မြန်မြန်ရောက်ပြီး ဒုက္ခမြန်မြန်ဖြစ်အောင် ကုန်းအဆင်းမှာ ထပ်ပြီး တွန်းချတဲ့ စိတ်အညံ့စား။
အဆောင်အယောင်များသောစိတ်
- ကြွားတတ်တဲ့သူတွေ၊ အထင်ကြီးခံချင်တဲ့သူတွေ၊ ဘ၀မြင့်တဲ့သူတွေ၊ မိမိကိုယ်မိမိ မယုံကြည်တဲ့သူတွေဟာ တန်ဖိုးရှိတဲ့ ရွှေ၊ ငွေ၊ လူ့အသုံးအဆောင်ပစ္စည်းတွေကို အသုံးချပြီး ဟန်ကိုယ့်ဖို့ဆိုတဲ့စကားကို ခုတုံးလုပ်တဲ့စိတ်။
အဆိပ်အတောက်ဖြစ်နေသောစိတ်
- မှားယွင်းတဲ့ အယူအဆတွေကို လက်ခံထားတဲ့သူတွေ၊ အမှတ်မှားစွာနဲ့ ရပ်တည်ခဲ့တဲ့သူတွေ၊ အချိန်မရွေး စိတ်ဒုက္ခ ရောက်တော့မယ့် စိတ်အနေအထား။
အဆုံးစွန်ထိ ရှာဖွေသောစိတ်
- ဗုဒ္ဓဘာသာဝင်အစစ်တွေရဲ့ အဆုံးစွန်အထိ ရှာဖွေနေကြတာဟာ ဗုဒ္ဓဘုရားရဲ့ တရားအဆီအနှစ် အချုပ်ဖြစ်တော်မူတဲ့ ဘ၀အသစ်တစ်ဖန် ပြန်မဖြစ်ရေး။ ဖြစ်ခြင်း၊ ပျက်ခြင်းတို့ အဆုံးသတ်ရေး။ ဒုက္ခအပေါင်းမှ လွတ်မြောက်ရေးတွေရဲ့ အဆုံးစွန်စိတ် အသိဉာဏ်ကို သိမြင်တည်ဆောက်နိုင်တဲ့ စိတ်အသိဉာဏ်။