ကြံမိကြံရာစိတ်
- စိတ်အကြောင်း၊ စေတသိက်အကြောင်း၊ လူ့ခန္ဓာကိုယ်ရဲ့အကြောင်းတွေကို သိအောင် လေ့လာထားတဲ့ ဗဟုသုတတွေ မရှိရင်၊ သတိနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားတာတွေ မရှိရင်၊ လူတွေထဲမှာ ဖြစ်နေကျ လူ့ပြဿနာတွေကို ရုတ်တရက် ရင်ဆိုင်ရတဲ့ အခါတွေမှာ ဖြစ်တတ်တဲ့ စိတ်အနေအထား။
ကြံဖန်နေသောစိတ်
- လူသားတွေအတွက် အကျိုးရှိစေမယ့် အလုပ်တွေကို အကောင်အထည်ဖော်ဖို့ ကြံဖန်တီထွင်နေတဲ့ စိတ်အမျိုးအစား ဆိုရင် မြင့်မြတ် ကောင်းမွန်ပေမယ့် အချောင်လိုချင်တဲ့စိတ်နဲ့ အကြံအဖန် လုပ်နေတာဆိုရင်တော့ မရှိသင့်၊ မထားသင့်၊ ဖယ်ထုတ် သင့်တဲ့ စိတ်အမျိုးအစား။
ကြံရာပါစိတ်
- လူသားတွေ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်အောင်လုပ်မယ့် အစီအစဉ်ဇယားထဲမှာ မိမိကိုယ်တိုင် အလိုတူ အလိုပါ ပူးပေါင်း ပါဝင်နေရင် စွပ်စွဲ သတ်မှတ်ခံရမယ့် အန္တရာယ်စိတ်။
ကြံ့ကြံ့ခံသောစိတ်
- လူတွေထဲမှာ လူအဖြစ် အသက်ရှင် လှုပ်ရှားနေရသမျှ အချိန်တိုင်းမှာ ကြုံတွေ့နေရမယ့် စိတ်ပြဿနာ၊ လူ့ပြဿနာတွေကို ရင်ဆိုင်နိုင်ဖို့ အလိုအပ်ဆုံး စိတ်အမျိုးအစား ဖြစ်နေလို့ ကြိုတင်ပြင်ဆင် တည်ဆောက်ထားသင့်တဲ့ စိတ်အဆင့်။
ကြိုတင်ပြင်ဆင်စိတ်
- သေချာတယ်ဆိုတဲ့စကားကို ပိုင်ပိုင်နိုင်နိုင် ပြောဆိုနိုင်ဖို့ဆိုတာ ဘယ်နေရာမှာမှ မရှိနိုင်သလို၊ ဘယ်သူမှလည်း မရှိနိုင်ပါဘူး။ ကြိုတင်ပြင်ဆင်ထားခြင်းကသာ သေချာမှုကို ရယူနိုင်ပါတယ်။
ကြိုးကိုင်ခြယ်လှယ်စိတ်
ကြိုးစားသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ကြက်ကန်းဆန်အိုးတိုးစိတ်
- စနစ်တကျ ကြိုတင်ပြင်ဆင်ထားခြင်း မရှိဘဲ မတော်တဆ တိုက်ဆိုင်သွားတဲ့၊ မမျှော်လင့်ဘဲ တိုက်ဆိုင်သွားတဲ့ စိတ်အမျိုးအစား။
ကြက်သေသေစိတ်
- အာရုံခြောက်ပါးနဲ့ ပတ်သက်တဲ့ အာရုံတစ်ခုခုရဲ့ ပြင်းထန်ကြီးမားတဲ့ အဖြစ်အပျက်ကို ရုတ်တရက် မြင်ရ၊ ကြားရတဲ့အခါမှာ ခေတ္တ ရပ်တန့်သွားတဲ့ စိတ်အခြေအနေ။
ကြောက်ကန်ကန်စိတ်
- ထွက်ပေါက်မရှိတော့ဘဲ ချောင်ပိတ်မိနေတဲ့အချိန်မျိုးမှာ သတ္တိရှိလို့ မဟုတ်ဘဲ ဖြစ်ချင်ရာဖြစ်ဆိုပြီး ကြောက်စိတ်နဲ့ ရင်ဆိုင်နေတဲ့ စိတ်အနေအထား။ (အနိုင်ကျင့်မှုတွေ၊ မတရားမှုတွေ ခံရတာများလာရင် ကြောက်ကန်ကန်တဲ့ စိတ်ရဲ့ တွန်းအားဟာ ကြောက်စရာကောင်းပြီး ပေါက်ကွဲမှု ပြင်းထန်တတ်ပါတယ်။)
ကြောက်ခမန်းလိလိစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ကြောက်လန့်စိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ကြိုက်နှစ်သက်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ကြင်နာသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။