-
စ အက္ခရာစဉ်ထဲမှာ ပါဝင်နေတဲ့ စလုံး အက္ခရာခေါင်းစဉ်နဲ့ နာမည်များ
- စောင့်စားစိတ်
- - မျှော်လင့်ထားတဲ့ တစ်စုံတစ်ရာ မိမိဆီကို ရောက်မလာသေးတဲ့အချိန်မှာ ဖြစ်ပေါ်နေတဲ့ စောင့်မျှော်စိတ်။
- စောင့်စည်းစိတ်
- - မလုပ်သင့်ဘူး၊ မလုပ်ဖူး စသဖြင့် လက်ခံယုံကြည် ဆုံးဖြတ်ထားတဲ့ အလုပ်တစ်ခုကို ဘယ်သူက ဘယ်လိုပုံစံနဲ့ ပြောပြော မလုပ်ဖြစ်အောင် စောင့်ထိန်းထားတဲ့ စိတ်အဆင့်။
- စောင့်ရှောက်စိတ်
- - လူသားချင်း စာနာစိတ်ရှိတဲ့သူတွေဟာ မပြည့်စုံတဲ့ တစ်ဖက်သားတွေနဲ့ တွေ့တဲ့အခါမှာ မိဘအရွယ်ဆိုရင် မိဘလို၊ သားသမီးအရွယ်ဆိုရင် သားသမီးလို၊ ရွယ်တူဆိုရင် မိတ်ဆွေသူငယ်ချင်းလို လိုအပ်တာတွေထဲက တတ်နိုင်သလောက် ဖြည့်ဆည်း ကူညီပေးတဲ့ စိတ်အဆင့်။
- စောင့်သိရိုသေစိတ်
- - မိမိအပေါ်ရှိခဲ့ဖူးတဲ့ ကျေးဇူးတရား၊ အကူအညီပေးခဲ့မှုစတာတွေကို သိရှိနားလည်နေပြီး စောင့်သိစိတ်ကို ဖြစ်ပေါ်စေကာ သိမ်းဆည်းထားတဲ့ စိတ်အနေအထား။
- စောင်းနေသောစိတ်
- - မိမိဆန္ဒအလိုကို ဦးစားပေးမိပြီး အတွေးလွန်သွားတဲ့အခါမျိုးမှာ သမားရိုးကျ ပုံမှန်မဟုတ်တော့ဘဲ ဆန့်ကျင်ဘက် အနေအထားဘက် ယိုင်သွားတဲ့ စိတ်အမျိုးအစား။
- စောင်းပါးရိပ်ခြည်စိတ်
- - သိစေလိုတဲ့ အကြောင်းအရာတစ်ခုခုကို တစ်ဖက်သားသိအောင် တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်ပြီး အရိပ်အမြွက် သဘောမျိုး သိစေတဲ့ စိတ်အနေအထား။
- စစ်ကြောမေးမြန်းစိတ်
- - အပြစ်ကျူးလွန်ထားတဲ့သူကို အမှန်အတိုင်း ဖြောင့်ချက်ပေး ၀န်ခံလာအောင် နည်းမျိုးစုံသုံးပြီး စစ်ဆေးတဲ့ စိတ်အမျိုးအစား။
- စဉ်ဆက်မပြတ် ရွှေ့ပြောင်းစိတ်
- စဉ်းစားသောစိတ်
- - ပိုက်ဆံပေးစရာ မလိုဘဲ အလကားရတဲ့အရာတွေထဲက တစ်ခုပါပဲ။ မမြင်ရတဲ့စိတ်ကို ရှိမှန်းသိချင်ရင် စဉ်းစားခြင်းဟာ စိတ်တစ်ခုအဖြစ် ချက်ချင်းသိစေတဲ့ အလွယ်ဆုံး ဥပမာပါပဲ။ အလကားရနေတဲ့ စဉ်းစားခြင်းစိတ်ကို တန်ဖိုးရှိတဲ့ အနေအထား ဖြစ်အောင်သာ အသုံးချတတ်ဖို့ပဲ လိုပါတယ်။
- စဉ်းလဲကောက်ကျစ်စိတ်
- - ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
- စည်းကမ်းကြီးသောစိတ်
- - ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
- စည်းစောင့်သောစိတ်
- - မပေါက်ကြားစေလိုတဲ့ လျှို့ဝှက်ချက်တစ်ခုခုကို မိဘ၊ မိသားစု၊ သူငယ်ချင်းစတဲ့ ဘယ်သူ့ကိုမှ မသိစေအောင် ကတိ စည်းကမ်းအတိုင်း ထိန်းသိမ်းထားတဲ့ စိတ်အနေအထား။
- စည်းစိမ်ယစ်မူးစိတ်
- - ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
- စည်းဖောက်သောစိတ်
- - ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။