မေး - သိသလိုလိုလူ၊ သိတယ်လို့ ထင်တဲ့လူ၊ သိချင်ယောင်ဆောင်တဲ့လူလို့ ဘယ်လို ခွဲခြားပြီး သတ်မှတ်လိုက်လို့လဲ?
ဖြေ - သိချင်လို့ မေးတယ်ဆိုတဲ့သဘောက ငြင်းဖို့မဟုတ်ဘူးလေ။ အဖြေအစစ်ကို သိချင်လို့ မေးတာ။

မေးရင်း မေးရင်းနဲ့ မဖြေနိုင်တော့တဲ့အခါမှာ ဒီပုဂ္ဂိုလ် ဒီအထိပဲ သိတာလို့ သိတာပေါ့။

ကိုယ်တိုင် လက်တွေ့အားထုတ်တဲ့သူ မဟုတ်ရင်၊ ပြောတာကို နားထောင်ရင်၊ စာဖတ်ပြီး သိတာတွေ ရွတ်ပြနေတာလား။ ကြားဖူးနားဝတွေကို သိတယ်ထင်ပြီး ပြန်ပြောပြနေတာလား။ ကိုယ်တိုင်လက်တွေ့ အသိကို ပြောတာလားဆိုတာ သိလို့ရတယ်။

တကယ်သိတဲ့သူက ကိုယ်တွေ့ အားထုတ်ထားတာ ဆိုတော့ မေးတဲ့မေးခွန်းရဲ့ အဖြေကို သဘောပေါက်နားလည် သွားအောင် အတိအကျ ရှင်းပြ ပြောဆိုနိုင်တယ်။

ဥပမာ - ငြိမ်းအေးတယ်။

လွတ်မြောက်တယ် ဆိုတဲ့လမ်းကြောင်းက စိတ်တစ်ခုတည်းကို ဘယ်လိုအသိနဲ့ သတိနဲ့ ထိန်းသိမ်း စောင့်ကြည့် သိမှတ်နေရတယ်ဆိုတာမျိုးပေါ့။

နားထောင်တဲ့သူကလည်း အဖြေအစစ်ကို လက်ခံနိုင်တဲ့ အခြေခံအသိနဲ့ နားထောင်တာဆိုတော့

မေးသူနဲ့ ဖြေသူရဲ့ စိတ်အသိဉာဏ်က ကွက်တိ ဖြစ်နေရမယ်။

မေး - ဆက်ပါဦး . . .
ဖြေ - ပတ်ဝန်းကျင်မျိုးစုံ၊ နေရာမျိုးစုံ၊ ဘ၀မျိုးစုံ၊ လူမျိုးစုံ၊ မေးခွန်းမျိုးစုံ၊ အဖြေမျိုးစုံတွေကို အပြန်အလှန် စဉ်းစားရင်း

လူတွေအကြောင်း၊ စိတ်တွေအကြောင်း၊ စိတ်ဝင်စားတဲ့စိတ်ကို ထပ်ပြီး စွဲလမ်းသွားပြန်တယ်။

မေး - အတန်းပညာကို ပြည့်ပြည့်စုံစုံ မတတ်ခဲ့ဘူးဆိုတဲ့သူက ဒီလိုသိရမယ့် အသိတွေကို မှားတယ်၊ မှန်တယ် ဘယ်လို ခွဲခြားလဲ?
ဖြေ - စာထဲမှာ ဖတ်ရလို့ သိရတဲ့အသိတွေ၊

သူများပြောပြလို့ နားထောင်ပြီး သိတာတွေကို လက်တွေ့ သိကြည့်တဲ့အခါမှာ စာထဲမှာ ဖော်ပြလို့မရအောင် အသေးစိတ် လွန်းနေတဲ့ လူတွေရဲ့စိတ်တွေ၊ ဘ၀အဖြစ်အပျက်တွေက လုံးဝမတူ ကွဲပြားပြီး၊ ထင်တာထက် အများကြီး အံ့သြစရာ၊ စိတ်ဝင်စားစရာကောင်းနေတယ်။

သိစရာတွေထဲက သိသင့်တာကို လက်တွေ့သိကြည့်ရင် ကွဲပြားနေတာတွေ အများကြီးပဲ။

ကိုယ်တိုင် လက်တွေ့သိကြည့်မှုကို စွဲလမ်းလာတယ်။

သိချင်မှုအပေါ်မှာ စွဲလမ်းသလို၊ သိချင်တာကို စနစ်တကျ ရှာဖွေပြီး အလုပ်လုပ်တဲ့ နည်းကိုလည်း ကြိုက်ပြီး စွဲလမ်းပြန်ရော။

ပြောပြီးသား စကားကို မပြင်ဘူး။ ဘာ့ကြောင့်ပဲဖြစ်ဖြစ် မပြင်ဘူး။

ပြောတဲ့အတိုင်း မလုပ်နိုင်မှာကို ရှက်ပြီး ရှက်တဲ့စိတ်ကို စွဲတယ်။

ပြီးစီးဖြစ်မြောက်အောင် လုပ်နိုင်တဲ့စိတ်တွေကို ကြိုက်ပြီး ကိုယ့်စိတ်ကိုယ် စွဲလာတယ်။

အဟောင်းတွေထဲမှာ အာရုံအကြာကြီး မြှုပ်မထားချင်တဲ့စိတ်ကို စွဲတယ်။

အာရုံအသစ် ဖြစ်စေမယ့် နေရာမှာဆိုရင် နေချင်သလောက် နေနေချင်တဲ့ စိတ်ကိုလည်း ကိုယ့်ဟာကိုယ် ကျေနပ်ပြီး စွဲတယ်။