ရယ်မောချင်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ရွစိရွစိဖြစ်နေသောစိတ်
- ရွစိရွစိဖြစ်နေတဲ့စိတ်ဟာ တည်ငြိမ်မှုမရှိတဲ့ ရွပိုးထိုးစိတ်ပဲ။ မိမိပြောချင်တာကို ပြောချင်နေပေမယ့် ပြောခွင့်မရသေးတဲ့အခါ၊ မိမိလုပ်ချင်တာကို လုပ်ပြချင်နေပေမယ့် လုပ်ပြခွင့် မရသေးတဲ့အခါတွေမှာ ဖြစ်ပေါ်နေတဲ့ စိတ်အနေအထား။
ရွေ့လျားနေသောစိတ်
ရွံကြောက်ဖြစ်နေသောစိတ်
- မိမိပတ်ဝန်းကျင် အသိုင်းအ၀ိုင်းထဲမှာ အမြဲတမ်းလိုလို နိုင့်ထက်စီးနင်း ပြုလုပ်တတ်တဲ့သူ၊ အကြောင်းပြချက် မခိုင်လုံဘဲ ဒေါသထွက်လွယ်တဲ့သူ၊ တစ်စုံတစ်ယောက် ရှိနေခဲ့ရင် အဲဒီပုဂ္ဂိုလ်ကို မပတ်သက်ဘဲ နေလို့ကလည်းမရ၊ လုံးဝစွန့်လွှတ် ပစ်ပယ်လို့ကလည်းမရ၊ မလွဲသာလို့ ဆက်ဆံနေရတဲ့အခါမှာ ဖြစ်ပေါ်နေတဲ့ စိတ်အမျိုးအစား။
ရွံရှာသောစိတ်
- မိမိလေးစား ရိုသေနေခဲ့တဲ့ တစ်စုံတစ်ယောက်က လူ့ကျင့်ဝတ်သိက္ခာ ဖောက်ဖျက်တဲ့ အပြစ်တစ်ခုခုကို ကျူးလွန်မှန်း သိလိုက်ရတဲ့ အချိန်ကစပြီး အဲဒီပုဂ္ဂိုလ်အပေါ်မှာ ရုတ်တရက် ပြောင်းရွှေ့ဖြစ်ပေါ်သွားတဲ့ စိတ်အနေအထား။
ရွပ်ရွပ်ချွံချွံဖြစ်သောစိတ်
- မဖြစ်နိုင်ဘူးလို့ လူအများက လက်ခံထားတဲ့ အလုပ်တစ်ခုကို ဖြစ်အောင် လုပ်ပြနိုင်တဲ့အခါမှာ လုပ်နေဆဲ အချိန်တုန်းက စိတ်ထဲမှာ ကိန်းအောင်း တည်ဆောက်ထားတဲ့ စိတ်အမျိုးအစား။
ရှာကြံတတ်သောစိတ်
- လောကမှာ မဖြစ်သေးတာပဲရှိတယ်။ မဖြစ်နိုင်တာ မရှိဘူးလို့ ပြောလေ့ပြောထ ရှိပါတယ်။ မဖြစ်နိုင်တာကို ဖြစ်အောင် လုပ်တဲ့နေရာမှာ ဖြစ်အောင်လုပ်နိုင်တဲ့ နည်းကိုတော့ ရှာဖွေတတ်ဖို့လိုပါတယ်။
ရှုမြော်တတ်သောစိတ်
- ဖြစ်နိုင်ချေရှိတဲ့ သဘာဝ သဘောတရားတွေရဲ့ အနှောင့်အယှက်တွေကို သိလို့ရသလောက် တွေးခေါ်မြော်မြင်ပြီး ဘာပဲလုပ်လုပ် သတိနဲ့ကြိုတင် ကာကွယ်ထားတဲ့စိတ်။
ရှုမျှော်နေသောစိတ်
- မျှော်နေသူလာမယ့်လမ်းကို လှမ်းကြည့်နေတဲ့စိတ်။ မျှော်လင့်ထားတဲ့ ရည်ရွယ်ချက်တစ်ခု အကောင်အထည် ဖော်နိုင်ဖို့ မျှော်မှန်း ကြည့်နေတဲ့စိတ်။
ရှူးရှူးဒိုင်းဒိုင်းစိတ်
- ထစ်ခနဲဆို ဘာကိုမှ မစဉ်းစားတော့ဘူး။ ဆင်ခြင်တုံတရား မရှိတော့ဘဲ ဟောဟောဒိုင်းဒိုင်း ထလုပ်တတ်တဲ့ စိတ်အမျိုးအစား။
ရှေ့ဆင့်နောက်ဆင့်ဖြစ်နေသောစိတ်
- စိတ်ကိုစောင့်ကြည့်သိမှတ်တဲ့နေရာမှာ အသုံးပြုတဲ့စိတ်မျိုး၊ သိမှတ်စရာ အာရုံကို သိမှတ်နေတဲ့စိတ်။ ဒီနှစ်ခုဟာ ရှေ့ဆင့်နောက်ဆင့် အနေအထားမျိုး ဖြစ်နေတယ်။
ရှေ့ဆောင်နေတတ်သောစိတ်
- လူသားတိုင်း နေ့စဉ်ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေဟာ အာရုံခြောက်ပါးကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်တွေကြောင့်ပဲ။ အဲဒီ စိတ်တွေထဲမှာ ဦးဆောင်နေတဲ့ စိတ်ကတော့ စေတနာဆိုတဲ့ လှုံ့ဆော်တိုက်တွန်းတဲ့တာဝန်ကို ယူထားတဲ့ စေတသိက်ပဲ။ ဒီစေတနာ စေတသိက်က ကောင်းတာပဲလုပ်လုပ်၊ မကောင်းတာပဲလုပ်လုပ်၊ သူပဲတိုက်တွန်းတာ၊ သူပဲဦးဆောင်နေတာ။
ရှေ့တိုးနောက်ငင်ဖြစ်နေသောစိတ်
- အမှန်တရားရဲ့ အမှန်တရားအစစ်ကို ခွဲခြားပြီး သိသလိုလို၊ မသိသလိုလိုနဲ့ တကယ်မသိသေးတဲ့သူရဲ့ စိတ်အနေအထား။