ရည်မှန်းချက်ကြီးသောစိတ်
- အခမဲ့ရတဲ့ စိတ်အမျိုးအစားတွေ ဖြစ်ပေမယ့်၊ အသိဉာဏ်ပညာ စဉ်းစားတွေးခေါ် ချင့်ချိန် မြော်မြင်ဉာဏ် အစရှိတဲ့ စိတ်အသိဉာဏ်တွေ၊ ရင်းနှီးမြှုပ်နှံမှုမျိုးတွေ မပါရင်တော့ ဒီခေါင်းစဉ်နဲ့စိတ်မျိုးကို တည်ဆောက်နိုင်မှာ မဟုတ်ဘူး။ အင်အားကြီးမားတဲ့ ရည်ရွယ်ချက် ရှိမှလည်း ရည်ရွယ်ထားတဲ့အတိုင်း ဖြစ်အောင်လုပ်ချင်တဲ့စိတ်နဲ့ ဖြစ်အောင် လုပ်နိုင်တဲ့နည်းကို ရှာပြီး ဖြစ်အောင်လုပ်နေတဲ့အချိန်မှာ ဖြစ်နေတဲ့ ရည်မှန်းချက် ကြီးမားစိတ်။
ရုတ်တရက်ပြိုလဲပျက်စီးသွားသောစိတ်
- သဘာဝသဘောတွေကို သဘောမပေါက်ရင် လိုအပ်တာထက်ပိုပြီး မျှော်လင့်ထားတတ်တဲ့ လောဘကြီးသူတွေ သတိထားရမယ့် စိတ်အမျိုးအစားပါပဲ။ မျှော်လင့်သလို ဖြစ်မလာရင် တချို့များ သေတဲ့အထိ ပျက်စီးသွားတယ်။
ရုတ်တရက်သဘောပေါက်သွားသောစိတ်
- အတိတ်ကာလ၊ အနာဂတ်ကာလ၊ လက်ရှိပစ္စုပ္ပန်ကာလ၊ အချိန်ကာလသုံးခုထဲက အခုလက်ရှိ ပစ္စုပ္ပန်ကာလ အကြောင်းကို လေ့လာကြည့်တဲ့အခါမှာ အခုလက်ရှိအချိန်ဟာ ဘယ်လောက်ကြာလဲလို့ သိချင်တာနဲ့ အခုလို့ ပြောလိုက်တာ။ ပြောနေရင်းနဲ့ပဲ ချက်ချင်း မရှိတော့တဲ့ လက်ရှိအချိန်ရဲ့ ခဏလေးသဘောကို ချက်ချင်းသိသွားတဲ့ စိတ်အဆင့်။
ရုတ်ရုတ်သဲသဲဖြစ်သွားသောစိတ်
- စိတ်ရဲ့တည်ငြိမ်မှုအတိုင်းအတာ ဘယ်အဆင့်ရောက်နေပြီလဲဆိုတာ စမ်းသပ်ချင်ရင် ပစ္စည်းဥစ္စာရခြင်း၊ ပစ္စည်းဥစ္စာမရခြင်း၊ အခြွေအရံများခြင်း၊ အခြွေအရံမရှိခြင်း၊ ကဲ့ရဲ့ခံရခြင်း၊ ချီးမွမ်းခံရခြင်း၊ ကိုယ်ရောစိတ်ပါ ချမ်းသာခြင်း၊ ကိုယ်ရောစိတ်ပါ ဆင်းရဲခြင်း ဆိုတဲ့ လောကဓံရှစ်ပါး ရှေ့မှာ စာမေးပွဲ ဖြေကြည့်လိုက်ပါ။ လှုပ်လှုပ်ရှားရှား ရုတ်ရုတ်သဲသဲ ဖြစ်နေသေးရင်တော့ မိမိရဲ့ စိတ်အနေအထားအဆင့်ကို သဘောပေါက်ပြီး ငြိမ်သွားတဲ့အထိ လေ့ကျင့်ပါ။
ရန်ငြိုးထားတတ်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ရန်တွေ့တတ်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ရန်ထောင်တတ်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ရန်ပြုတတ်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ရန်မူတတ်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ရန်ရှာတတ်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ရန်လိုတတ်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ရုန့်ရင်းကြမ်းတမ်းစိတ်
- လူ့လောကထဲကို လူအဖြစ်နဲ့ ရောက်ရှိလာကတည်းက ပတ်ဝန်းကျင်မျိုးစုံ၊ လူပေါင်းစုံရဲ့ အဆင်မပြေမှုတွေ၊ ခက်ခဲ ကြမ်းတမ်းမှုတွေကို နည်းမျိုးစုံသုံးပြီး ဖြေရှင်ရင်း အကျင့်စရိုက်အဖြစ် ပြောင်းရွှေ့သွားတဲ့ စိတ်အမျိုးအစား။
ရုန်းကန်စိတ်
- လူအဖြစ်နဲ့ လူ့လောကထဲကို ရောက်လာကြတဲ့ လူသားအားလုံးရဲ့ စိတ်အသိထဲမှာ မိမိဘ၀ ရပ်တည်ဖို့အတွက် ပုံစံအမျိုးမျိုးနဲ့ လှုပ်ရှားနေကြရတဲ့ စိတ်ဓာတ်။
ရုန်းထွက်နေသောစိတ်
- ဆင်းရဲခြင်း အဓိပ္ပာယ်နဲ့ အကျုံးဝင်နေတဲ့ ဒုက္ခမှန်သမျှထဲက လွတ်မြောက်အောင် ကြိုးစားနေသူအားလုံးဟာ လွတ်မြောက်စေတဲ့ နည်းတွေကို ရှာဖွေပြီး ရုန်းထွက်နေသော စိတ်ကို လက်တွေ့ အကောင်အထည်ဖော် အားထုတ်နေကြရတယ်။