အိုခြင်း၊ နာခြင်း၊ သေခြင်းတွေ ဖြစ်နေတာ ရုပ်၊
ရုပ်ခန္ဓာရှိလို့သာ ရုပ်ခန္ဓာရဲ့ ပစ္စည်းမျိုးစုံနဲ့ နှိပ်စက်ခြင်းကို ခံနေရတာပဲ။
ရုပ်ခန္ဓာတစ်ခု ဖြစ်လာရတဲ့ အစကို သိကြည့်ဦးမယ်။
မိဘရဲ့ သုက်သွေး အညစ်အကြေးကို အထည်ကိုယ်အဖြစ် မှီကပ်ပြီး မိခင်ရဲ့ ဗိုက်ထဲမှာ သန္ဓေသားဘ၀နဲ့ နေခဲ့ရတယ်။
မိခင်ဖြစ်သူရဲ့ သားအိမ်၊ အစာအိမ်သစ်၊ ကျင်ကြီး၊ ကျင်ငယ်အိမ်တွေ ကြားထဲမှာနေခဲ့ရတဲ့ သန္ဓေသားဘ၀ကို သိကြည့်ရင် ရွံစရာကြီး။
မိခင်ရဲ့ ဗိုက်ထဲမှာ နေနေရတဲ့ အကျယ်အ၀န်းက အလွန်ဆုံးရှိရင် တစ်ပေပတ်လည်လောက်ပဲ ရှိမယ်။ ကျပ်ကျပ် တည်းတည်း ကွေးကွေးလေးနဲ့ ကိုးလလောက်နေခဲ့ရတယ်။ သဘာဝမကျစွာ လမစေ့ဘဲ မွေးရင်လည်း လူဖြစ်လာပေမယ့် အင်္ဂါအပြည့်အစုံဖြစ်ဖို့ မသေချာဘူး။
ရုပ်လို့ခေါ်တဲ့ လူ့ခန္ဓာကိုယ်ကို အသေးစိတ် လေ့လာကြည့်ရင် သေးငယ်လွန်းတဲ့ ကလာပ်စည်း တစ်ခုချင်း စုပေါင်းထားတဲ့ ခန္ဓာကိုယ် တစ်ခုအဖြစ် လောကထဲကို လူအဖြစ်နဲ့ ရောက်ရှိလာတာပဲ။
ဗိုက်ထဲမှာ သန္ဓေသားအဖြစ် ရောက်လာတည်းက တစ်ခါမှ ရပ်တန့်ခြင်းမရှိဘဲ မွေးဖွားလာဖို့အတွက် အဆက်မပြတ် ကြီးထွား ပြောင်းရွှေ့လာရတယ်။ မွေးချိန်တန်ရင်
မွေးဖွားလာတယ်။
ရုပ်နာမ်ပဲ ရှိသူတွေကြားထဲမှာ သက်ရှင်လှုပ်ရှား ကြီးပြင်းလာတယ်။
တဖြည်းဖြည်း အိုမင်းလာတယ်။
နောက်ဆုံးမှာ သေဆုံးသွားတယ်။
ဒီဇယားဟာ လူမှန်ရင်
ဘယ်နေရာမှာပဲနေနေ၊ ဘာလူမျိုးပဲဖြစ်ဖြစ်၊ ဘယ်ဘာသာပဲကိုးကွယ် ကိုးကွယ်၊
ကလေးပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ်
ရုပ်တစ်ခု ရရှိခြင်းရဲ့ ဖြစ်ရိုးဖြစ်စဉ် သီအိုရီ။
ရုပ်တစ်ခု စိတ်လေးခု ခန္ဓာငါးပါး၊ ရုပ်နာမ်နှစ်ပါး