နား
နားရွက်နှစ်ဖက်ရဲ့အလုပ်က အသံဆိုတာကို ကြားပေးတာ
လူသားအားလုံးရဲ့ နားရွက်နှစ်ဖက်ဟာ ပုံမှန်အတိုင်း အလုပ်လုပ်မယ်ဆိုရင် အသံမှန်သမျှ အကုန်လုံးကို
နားရဲ့အကြည်လွှာကြောင့် ကြားခြင်းကိစ္စတွေ ဖြစ်ပေါ်လာစေပါတယ်။
ကြားခြင်းကိစ္စမှာ ကြားမှန်းသိပေးရတဲ့ ကြားသိစိတ်။
ဒီနေရာမှာ နားထောင်လို့ကြားတာက အဓိပ္ပာယ်တစ်မျိုး၊
နားမထောင်ပေမယ့် အသံတွေကို ကြားနေရတာ အဓိပ္ပာယ်တစ်မျိုး၊
နားမထောင်မိလို့ ဘာသံကိုမှ မကြားဘူးဆိုတာက အဓိပ္ပာယ်တစ်မျိုး၊
အသံကို အသံအဖြစ်ပဲ သဘောထားပြီး အသံတွေတစ်ခုပြီး တစ်ခုပေါ်လာတယ်။
ချက်ချင်း ပြန်ပျောက်သွားတယ် ဆိုတဲ့ အသံရဲ့ ခဏလေးဖော်ပြတဲ့ သဘာဝကို နားကတစ်ဆင့်
အသံသဘောကို သိကြည့်နေတဲ့ အဓိပ္ပာယ်ကတစ်မျိုး၊
အသံနဲ့ ပတ်သက်ပြီး ကြားသိစိတ်က သူ့အလုပ် သူလုပ်နေတဲ့ အထဲမှာ “ငါဆိုတာ”ဘယ်နေရာမှာမှ မပါတာကို
သိကြည့်ရင် သိနိုင်လျက်သားနဲ့ မသိကြတာပဲ။
ငါနားထောင်လို့ ငါကြားတာဆိုပြီး အမှတ်မှားနေတာ၊
အသိမှားနေကြတာပဲ။
အသံဆိုတာ နေရာတိုင်းမှာ ရှိနေတယ်။ ဒါပေမယ့်
လူတွေက မိမိကြားချင်တဲ့ အသံကိုသာ ရွေးချယ်နားထောင်ပြီး ဘယ်သူဘယ်ဝါ အသံဆိုပြီး သတ်မှတ်ကြတာချည်းပဲ။
နားထောင်မိလို့ ကြားခြင်းကိစ္စမှာ သတ်မှတ်မှုတွေ ပါလာတာဟာ ခံစားတဲ့စိတ်၊
လှုံ့ဆော်တိုက်တွန်းပေးတဲ့ နောက်ထပ် စိတ်အမျိုးအစားတွေပါ ပါလာလို့ပဲ။
ကြားလိုက်တဲ့အသံကို ဘယ်သူဘယ်ဝါ့အသံလို့ ကိုယ့်သဘောနဲ့ကိုယ် သတ်မှတ်တာဟာ မှတ်သားခဲ့ဖူးတာကို
သိပေးတဲ့စိတ်၊ ခံစားတဲ့စိတ်၊ တိုက်တွန်းလှုံ့ဆော်တဲ့စိတ်တွေ စုပြုံရောက်လာပြီး စိတ်တစ်ခုစီက အစွမ်းတွေ ထုတ်ပြ လိုက်ကြတာပါပဲ။
ခန္ဓာကိုယ်ရှိသူတိုင်းမှာ ခန္ဓာကိုယ်နဲ့အတူ ပါလာတဲ့ မွေးရာပါပစ္စည်းတွေဟာ ငါမဟုတ်နိုင်ပါဘူး။