အနံ့

Nose and Smell

အနံ့နဲ့ ပတ်သက်သမျှဟာ နှာခေါင်းရဲ့ ကိစ္စ၊

နှာခေါင်းရဲ့ အကြည်လွှာကြောင့် အနံ့ဆိုတာကို သိခွင့်ရတာ၊

အနံ့မှန်း သိစေတာကတော့ နံသိစိတ်။

နှာခေါင်းရဲ့ အကြည်လွှာ အလုပ်မလုပ်ရင် အနံ့ကိစ္စ ထင်ထင်ရှားရှား မသိနိုင်တော့ဘူး။

နှာခေါင်းကလည်း သူ့အလုပ်ပဲ သူလုပ်တယ်။

မျက်စိကမြင်တဲ့ မြင်ခြင်းကိစ္စက မျက်စိအလုပ်။

နားရဲ့ကြားခြင်းကိစ္စက နားရဲ့အလုပ်။

အမြင်ကိစ္စ၊ အကြားကိစ္စတွေဟာ နှာခေါင်းနဲ့ မဆိုင်ဘူး။

နှာခေါင်းက အနံ့ကိစ္စနဲ့ အသက်ရှူခြင်းကိစ္စကလွဲရင် ဘာမှမလုပ်ဘူး။

လျှာ

Tongue and Taste

လျှာရဲ့အကြည်လွှာက အရသာ အာရုံကို လက်ခံပေးတယ်။

အရသာမှန်း သိစေတာက အရသာသိစိတ်၊

ပါးစပ်ထဲရောက်လာတဲ့ အစာတွေကို လှုံ့ဆော်တိုက်တွန်းမှုကြောင့် သွားက ၀ါးပေးတယ်။

လျှာက အရသာကိစ္စကို ခံစားစိတ်နဲ့ ပူးပေါင်းပြီး ဆောင်ရွက်ပေးတယ်။

စကားပြောတဲ့အခါမှာ၊ အသံတစ်ခုခု ထွက်ပေါ်လာတဲ့အခါမှာ လျှာရဲ့ပံ့ပိုးမှုက ပါဝင်ပေးတာမျိုးရှိတယ်။

ဒါကလည်း ပစ္စည်းခြောက်မျိုးပေါ်မှာ မူတည်ပြီး ခံစားစိတ်၊ မှတ်သားစိတ်၊ သိတဲ့စိတ်၊ လှုံ့ဆော်တိုက်တွန်းစိတ်တွေရဲ့ ပူးပေါင်း ပါဝင်မှုတွေနဲ့ လျှာက သူ့အလုပ်သူ လုပ်ပေးတာ။

ငါဆိုတာ ဘယ်နေရာမှာမှ ပါဝင်နေတာ မရှိဘူး။

ငါဆိုတဲ့ ခေါင်းစဉ်တပ်ပြီး လျှာကိစ္စထဲမှာ ပတ်သက်နေတာဟာ လျှာရဲ့တာဝန်နဲ့ စိတ်လေးခုရဲ့ တာဝန်ထမ်းဆောင်မှုကို အလွဲသုံးစား လုပ်ပစ်တာနဲ့ အတူတူပဲ။