အားထုတ်သူတွေဟာ
မရှိခြင်း သဘာဝကို မရှိခြင်းအဖြစ်နဲ့ လက်ခံနိုင်အောင် သိကြည့်နေရတယ်။
မိမိခန္ဓာကိုယ်
မိမိစိတ်၊ စေတသိက်တွေရဲ့ အဆက်မပြတ် ပြောင်းရွှေ့နေတဲ့ မရှိခြင်း သဘောတွေဟာ မရှိခြင်း အနေနဲ့ တရစပ် အဆုံးသတ်နေတာကို လက်တွေ့သိအောင် စောင့်ကြည့် သိမှတ်နေရတယ်။
စောင့်ကြည့်သိမှတ်လို့ သိရုံလေးသိလိုက်ရတဲ့ အသိဟာလည်း သိပြီးတာနဲ့ မရှိခြင်းသဘောအဖြစ်ကို ချက်ချင်း ရောက်သွားပြန်တယ်။
လူတွေ စိတ်ဒုက္ခရောက်နေကြတာဟာ မရှိတာကို ရှိတယ်လို့ ထင်နေကြတာပဲဆိုတဲ့ အဖြေတစ်ခု ထွက်လာတယ်။
မရှိခြင်းရဲ့ သဘာဝကို တကယ် နားလည်သဘောပေါက်အောင် သိကြည့်နိုင်ရင်တော့ မရှိတာကို ရှိတယ်လို့ ထင်နေတဲ့ မိမိရဲ့ အသိမှားမှုနဲ့
အမှတ်မှားမှုကို ကိုယ်တိုင် လက်တွေ့ သိလာပါလိမ့်မယ်။
မရှိခြင်းရဲ့ သဘောကို သိကြည့်နိုင်ဖို့….