သူလျှိုစိတ်
- ယှဉ်ပြိုင်ဘက်တွေဆီမှာ ကိုယ်စီရှိကြတဲ့ စိတ်အစီအစဉ်မျိုး။ ယှဉ်ပြိုင်ဘက်ရဲ့ လျှို့ဝှက်ချက်တွေကို သိချင်လို့ စနစ်တကျ လက်သပ် မွေးထားတဲ့ မိမိလူယုံကို ယုံကြည်စိတ်ချရတဲ့အချိန်မှာ ယှဉ်ပြိုင်ဘက်ဆီ ရောက်အောင် ဖြစ်တဲ့နည်းနဲ့ ပို့လိုက်တယ်။ ယှဉ်ပြိုင်ဘက်ရဲ့ လျှို့ဝှက်ချက်တွေကို စုံစမ်းပေးရတဲ့ သူလျှိုဆီမှာ ရှိနေတဲ့စိတ်။
သူသေကိုယ်သေ ယှဉ်ပြိုင်လိုသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
သူ့ဘက်ကိုယ့်ဘက် ကြည့်တတ်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
သေကောင်ပေါင်းလဲ ဖြစ်နေသောစိတ်
- ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးရဲ့ အသက်ရှင်လှုပ်ရှားခွင့် ကုန်ဆုံးခါနီးအချိန် ဖြစ်နေပြီ။ မကြာခင် လူ့လောကထဲက ထွက်ခွာသွားဖို့ ရာခိုင်နှုန်း များနေပြီ။ ခန္ဓာကိုယ်က သေကောင်ပေါင်းလဲ ဖြစ်နေပေမယ့် စိတ်အသိကို သေကောင်ပေါင်းလဲစိတ် အဖြစ်မခံဘဲ အသိသတိရှိစွာနဲ့ သေခြင်းတရားကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နေတဲ့ စိတ်အဖြစ် ပြောင်းရွှေ့ထားပါ။
သေကြေပျက်စီးအောင် ကြံစည်နေသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
သေကြောင်းကြံစည်နေသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
သေခန်းဖြတ်လိုက်သောစိတ်
- မိမိအပါအ၀င် မိမိမိသားစု၊ မိမိလုပ်ငန်းစတဲ့ ကိစ္စတွေမှာ ဒုက္ခမျိုးစုံပေးလွန်းလို့ ဘယ်လိုမှ သည်းခံခွင့်လွှတ်လို့ မရနိုင်တော့တဲ့ အခြေအနေမျိုးကို ရောက်သွားပြီဆိုရင်တော့ သားသမီး အရင်းအဖြစ်မှ (သို့မဟုတ်) မိတ်ဆွေအဖြစ်မှ (သို့မဟုတ်) လုပ်ငန်းတူ လုပ်နေသူအဖြစ်မှ ရာသက်ပန် ဖြတ်တောက်လိုက်သော စိတ်အဆင့်။
သေချာသောစိတ်
- အိုခြင်း၊ နာခြင်း၊ သေခြင်း၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ သဘာဝ သဘောတရားတွေကလွဲရင် ဘယ်အရာမှ သေချာတယ်လို့ မပြောနိုင်ဘူး။ ဒါပေမယ့် ဘာပဲလုပ်လုပ် သေသေချာချာ၊ တိတိကျကျ ကြိုတင်ပြင်ဆင် လုပ်ကိုင်တဲ့သူကိုတော့ ကြိုတင်ပြင်ဆင်ထားတဲ့သူ အချင်းချင်း၊ ကြိုတင် ပြင်ဆင်ထားသူအပေါ်မှာ အပြန်အလှန် အသိအမှတ်ပြုတာတွေ ရှိတယ်။ မိမိကိုယ်တိုင်လည်း ဘာကိုပဲဖြစ်ဖြစ် သေချာအောင် အရာရာကို လေ့လာစိစစ် ကြိုတင် ပြင်ဆင်ထားနိုင်မှပဲ သေချာတဲ့ စိတ်ကိုရမှာ။ (သေချာခြင်းကို လိုချင်ရင် ကြိုတင်ပြင်ဆင်တဲ့ နည်းတစ်ခုပဲရှိတယ်။)
သေငယ်ဇောနှင့်မြောနေသောစိတ်
- အာရုံအကုန်လုံးကတော့ အလုပ် မလုပ်တော့ဘူး။ ရပ်သွားပြီ။ ဒါပေမယ့် သေပြီလို့လည်း မှတ်ချက်ချလို့ မရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ နှလုံးခုန်နေသေးလို့။ လက်ကောက်ဝတ်နားက သွေးကြောကို စမ်းကြည့်တော့လည်း သွေးကြောထဲက သွေးအသွားအလာက လှုပ်ရှားနေသေးတယ်။ (လက်ကျန် ကံကြွေးအရှိန် မကုန်သေးလို့သာ။)
သေတူရှင်ဖက်စိတ်
- မသေခင် အချိန်လေးမှာ ရှိသမျှအစွမ်းတွေ အကုန်ထုတ်သုံးပြီး လုပ်လို့ရသလောက် တက်ညီလက်ညီ၊ စိတ်တူကိုယ်တူ၊ သေရင်လည်း အတူ၊ ရှင်ရင်လည်း အတူ၊ သေသေကြေကြေ ဘက်ညီစွာ လှုပ်ရှားနေတဲ့သူတွေရဲ့ စိတ်အမျိုးအစား။
သေတစ်ပန်သက်တစ်ဆုံးစိတ်
- ခန္ဓာကိုယ်ရှိတဲ့လူတွေရဲ့အကြောင်း၊ ခန္ဓာကိုယ်အကြောင်း၊ စိတ် စေတသိက်တွေရဲ့အကြောင်းတွေကို ဂဃဏန သဘောပေါက်သွားတဲ့ အချိန်မှာ လူဖြစ်ကျိုးနပ်အောင် အစင်ကြယ်ဆုံးစိတ်နဲ့ နောက်ဆုံးထွက်သက်အထိ ပြုမူနေထိုင် သွားတော့မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ အဲဒီ ဆုံးဖြတ်စိတ်ဟာ သေတစ်ပန် သက်တစ်ဆုံး ဖြစ်သွားတယ်။