တီထွင်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
တူးတူးခါးခါးမုန်းတီးစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
တေလေကြမ်းပိုးစိတ်
- အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ လောကဓံရိုက်ချက်ကို ပြင်းပြင်းထန်ထန် ခံလိုက်ရတဲ့သူတွေ၊ ဂရုတစိုက် ပြုပြင်ထိန်းသိမ်း ကူညီဖေးမမှုကို မရခဲ့တဲ့သူတွေဟာ ဖြစ်သလိုပဲနေကြရတယ်။ တွေ့ရာစားပြီး ကြုံတဲ့နေရာမှာ အိပ်ကြရတယ်။ ပတ်ဝန်းကျင်မျိုးစုံရောက်ပြီး စည်းနဲ့ကမ်းနဲ့ မနေခဲ့ရတော့၊ နေရမှန်းလည်း မသိတော့ စိတ်ဓာတ် ယိမ်းယိုင် လေလွင့်ပျက်စီးသွားတဲ့ စိတ်အနေအထား။ (ဘ၀ပေး အခြေအနေကြောင့်သာ ဖြစ်ခဲ့ရတဲ့ စိတ်မျိုးဆိုတော့ လူသားချင်း စာနာစိတ်ထားပြီး ပြုပြင်ပေးရင် ကောင်းသွားနိုင်တဲ့ စိတ်အမျိုးအစားပါ။)
တေ့တေ့ဆိုင်ဆိုင်စိတ်
- ခန္ဓာကိုယ်၊ ခံစားစိတ်၊ မှတ်သားစိတ်၊ သိတဲ့စိတ်၊ လှုံ့ဆော်တိုက်တွန်းစိတ်၊ ခန္ဓာငါးပါးနဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ပစ္စည်းခြောက်ခု ရှိနေသရွေ့ ဖဿဆိုတဲ့စိတ်ဟာ အဆက်မပြတ် ဆက်တိုက်ဖြစ်ပေါ်နေမှာပဲ။ စိတ်ချင်းစိတ်ချင်း တေ့တေ့ ဆိုင်ဆိုင် ထိတွေ့မှု ဖြစ်ပေါ်လာပြီဆိုရင် ထပ်ဆင့် ဖြစ်ပွားခွင့်ရလာမယ့် ခံစားစိတ်ကိုတော့ စဉ်းစားချင့်ချိန် စောင့်ကြည့်ပြီး တေ့တေ့ ဆိုင်ဆိုင် လက်မခံဖို့ ပြင်ဆင်ထားပါ။
တဲ့တိုးစိတ်
- ဟိုကွေ့ ဒီရှောင် ဝေ့လည်ကြောင်ပတ် လုပ်မနေဘဲ လုပ်စရာရှိတာ ပြောစရာရှိတာကို တည့်တည့် မတ်မတ် ပြောဆိုလုပ်ကိုင်တဲ့ စိတ်အနေအထား။
တော်ကာလျှော်ကာစိတ်
- ထဲထဲဝင်ဝင်၊ စူးစူးနစ်နစ်၊ ထိထိရောက်ရောက်မဟုတ်ဘဲ တော်ရုံတန်ရုံ၊ တော်ရိလျော်ရိ အပေါ်ယံအဖြစ်သဘောမျိုး လုပ်တတ်တဲ့ စိတ်အနေအထား။
တော်လှန်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
တော်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
တံငါနားနီးတံငါစိတ်
- နေရာတစ်နေရာတည်းမှာ အနေကြာလာရင် အနီးအနား ပတ်ဝန်းကျင်ရဲ့ အကျင့်စရိုက်တွေ ကူးစက်ပြီး မုဆိုးနားနီးမုဆိုး ဘ၀ပြောင်းသွားတတ်တဲ့ အကျင့်စရိုက် စိတ်အမျိုးအစား။
တို့ကနန်းဆိတ်ကနန်းစိတ်
- အလုပ်တစ်ခုကို ထိထိရောက်ရောက် ပီပီပြင်ပြင် တုံးတုံးတိတိ လုပ်ကိုင်ဆောင်ရွက်တာမျိုး မဟုတ်ဘဲ စိတ်ပါသလိုလို၊ မပါသလိုလို၊ လုပ်ချင်တဲ့အခါ လုပ်လိုက်၊ မလုပ်ချင်ရင် မလုပ်ဘဲနေလိုက် စသဖြင့် တိုစိတိုစိ ဖြစ်နေတဲ့ စိတ်အနေအထား။
တို့မီးရှို့မီးစိတ်
- လူသားအချင်းချင်း အထင်လွဲမှားအောင်၊ အဆင်မပြေအောင်၊ ဒုက္ခဖြစ်အောင် ချောက်တွန်းတဲ့သဘော၊ အတို့အထောင် လုပ်တဲ့ စိတ်အမျိုးအစား။
တိုးတက်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
တိုးလိုးတန်းလန်းစိတ်
- အလုပ်တစ်ခုကို ဆုံးခန်းတိုင်အောင် လက်စသတ် အပြီးအစီး လုပ်ဆောင်ခြင်းမရှိဘဲ တစ်ဝက်တစ်ပျက်နဲ့ ထားခဲ့တတ်တဲ့ စိတ်အဆင့်။
တိုးဝှေ့ဝင်ရောက်စိတ်
- စိတ်ကိုစောင့်ကြည့်သိမှတ်နေတဲ့ အလေ့အကျင့်မရှိရင် အာရုံခြောက်ပါးကြောင့် ဖြစ်ပေါ်နေတဲ့စိတ်တွေဟာ ကြားဖြတ် ၀င်ရောက်နှောင့်ယှက်ဖို့ အမြဲတမ်း အဆင်သင့်ဖြစ်နေတယ်ဆိုတာ သတိထားသင့်တဲ့ စိတ်အနေအထား။