တဟုန်းဟုန်းတောက်လောင်နေသောစိတ်
- မီးလောင်တယ်ဆိုတာ လောင်စာရှိလို့လောင်တာ။ မိမိစိတ်ထဲမှာလည်း အလွန်အကြူး ခံစားချင်နေတဲ့ လောင်စာတွေ၊ တဏှာဆိုတဲ့ လိုချင်တပ်မက်မှု ပြင်းထန်နေတဲ့ လောင်စာတွေ ရှိသမျှ ဒုက္ခမီးတွေ တဟုန်းဟုန်းတောက်လောင်နေတဲ့ စိတ်အပူ။
တအုံနွေးနွေးစိတ်
- လုပ်ချင်တာ မလုပ်ရရင်၊ ပြောချင်တာ မပြောရရင်၊ အဲဒီဆန္ဒမပြည့်မချင်း တစ်ချိန်လုံးလိုလို ဖြစ်ပေါ်နေသော စိတ်အမျိုးအစား။
တာတေလံစိတ်
- ပြောမရ၊ ဆိုမရ၊ ထိန်းသိမ်းလို့မရ၊ ဆိုးသွမ်းတဲ့နေရာမှာတော့ မိုက်ချက်က ကမ်းကုန်သွားတဲ့အဆင့်ထိ ရောက်သွားတဲ့ စိတ်အဆင့်။
တာဝန်ကျေသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
တာဝန်မသိသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
တာဝန်ယူသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
တာဝန်သိသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
တာဝန်ပျက်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
တာဝန်ရှောင်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
တားဆီးထားသောစိတ်
- ခန္ဓာကိုယ်နဲ့ စိတ် စေတသိက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ယောက်ျားနဲ့မိန်းမ လူသားနှစ်မျိုးရှိတယ်လို့ သတ်မှတ်ပြီးတည်းက ကာမဂုဏ် အာရုံတွေထဲမှာ ပုံစံမျိုးစုံနဲ့ နစ်မျော ရေကူးပျော်ပါးနေကြတာ ကြာခဲ့ပါပြီ။ “ တော်ပါတော့! တော်ကြပါတော့! ကာမဂုဏ် အာရုံတွေထဲမှာ ပျော်နေကြတာတွေ ရပ်ကြပါတော့! ” လို့ တားဆီးပေးမယ့် အသိနဲ့ သတိစိတ်တွေ ထင်ထင် ရှားရှား ပေါ်မလာသေးလို့သာ ဖြစ်ချင်ရာတွေ ဖြစ်နေကြတာ။ စိတ်နဲ့အတူ အမြဲတမ်း ပူးကပ်ပြီး ငြိမ်ဝပ် ကိန်းအောင်းနေတဲ့ စိတ်တွေ၊ ရုတ်တရက် ထကြွသောင်းကျန်းလို့ မရအောင် လှုံ့ဆော်တိုက်တွန်းစိတ်ကို အသိနဲ့သတိက ထိန်းချုပ် တားဆီးပေးရင် ပစ်စလက်ခတ်တွေ မဖြစ်နိုင်တော့ဘူး။ အသိနဲ့သတိက တားဆီးဆုံးဖြတ်ပေးလိုက်တာနဲ့ မလုပ်ဖြစ်အောင် လှုံ့ဆော်တိုက်တွန်း စိတ်ကလည်း တားဆီးပေးဖို့ အဆင်သင့်ပဲ။ စိတ်ချင်း ထိတွေ့တဲ့ ဖဿအဆင့်မှာ ဖြတ်တောက် တားဆီးနိုင်ရင် ခံစားစိတ်ပေါ်မလာအောင် တားဆီးပြီးသား ဖြစ်မယ်။ ခံစားစိတ် ဖြစ်ခွင့်မရရင် လိုချင်တပ်မက်တဲ့ တဏှာစိတ်ကို တားဆီးပြီးသား ဖြစ်မယ်။ တဏှာမလာရင် ဥပါဒါန် ဖြစ်ခွင့်မရှိတော့ဘူး။ အစွဲကို တားဆီးပြီးသားဖြစ်ရင် ဒုက္ခက လွတ်မြောက်ပြီ။
တိကျပြတ်သားသောစိတ်
- အလုပ်တစ်ခု မလုပ်ခင် လုပ်သင့် မလုပ်သင့် အကြိမ်ကြိမ် စဉ်းစားမယ်။ လုပ်နိုင် မလုပ်နိုင် အထပ်ထပ်အခါခါ ဆန်းစစ်မယ်။ လုပ်သင့်တယ်။ လုပ်ရင် ဖြစ်နိုင်တယ်။ ဖြစ်အောင်လည်း လုပ်မယ်လို့ ဆုံးဖြတ်ပြီးရင်တော့၊ ဖြစ်အောင်လုပ်လို့ရတဲ့ နည်းတွေကို တိတိပပ အသေးစိတ် ရှာဖွေဇယားချ ရေးဆွဲပြင်ဆင်မယ်။ အရေးမကြီးတာတွေ တိတိရိရိ ဖြတ်ချမယ်။ ပြီးတော့ တိတိလင်းလင်း ကြေညာပြီး တိတိကျကျ ပြတ်ပြတ်သားသား ဆောင်ရွက်တဲ့ စိတ်ပုံစံ။