ဆရာကြီး နန္ဒာသိန်းဇံဆီကိုလည်း သွားရောက် ဆွေးနွေးဖူးတယ်။
မေးခွန်းတွေ မေးလွန်းအားကြီးတာကို သိနေလို့လား မသိဘူး။ ဆရာကြီးကကို အရင်စမေးတော့တာ။
“ကိုကျော်က ဘာဖြစ်ချင်နေတာလဲ?
ဘာမှမဖြစ်ချင်ဘူး ဆရာ၊
အဲဒီ ဘာမှမဖြစ်ချင်တာကို ဖြစ်ချင်နေတာရော မဖြစ်နိုင်ဘူးလား?
မဟုတ်ပါဘူး ခင်ဗျာ။ ဖြစ်ချင်တာတွေ ဖြစ်အောင် လုပ်ခဲ့ဖူးတယ်။ ဒါပေမယ့် ဘယ်ဥစ္စာမှ အကြာကြီး မဟုတ်တာတွေ၊ ဘာကိုမှ ပိုင်ဆိုင်ခွင့် မရှိတာတွေ၊ ဒုက္ခဆိုတာကြီးက ပြီးကို မပြီးနိုင်ဘူး ဖြစ်နေတာကို ဉာဏ်မမီလို့။ ဖြစ်အောင် လုပ်မိနေတာ မှားများနေလား မသိဘူးလို့ ကိုယ့်ကိုယ်ကို မင်္သကာဖြစ်လာလို့။ ဘာမှမဖြစ်ရင် ကောင်းမယ် ထင်လာလို့၊ ဘာမှ မဖြစ်ချင်ဘူးလို့ ပြောတာပါ။ ဖြစ်ချင်တာတွေ၊ မဖြစ်ချင်တာတွေ၊ စိတ်ထဲမှာ မရှိတော့အောင် လုပ်လို့ရတဲ့နည်းကို သိချင်လို့ပါ။ ဆရာပြောပြနိုင်မလား? ”
ဆရာကြီးက တစ်နေရာကို ထသွားပြီး စာအုပ်တစ်အုပ် ယူလာပြပါတယ်။
‘နိဗ္ဗာနသုခသုတ် န၀ကနိပါတ် အင်္ဂုတ္တရနိကာယ်’
“ငါ့ရှင် သာရိပုတ္တရာ ခံစားမှု မရှိသော နိဗ္ဗာန်၌ ချမ်းသာကား အဘယ်ပါနည်း”
“ငါ့ရှင် ဥဒါယီ ခံစားမှု မရှိသော ဤနိဗ္ဗာန်၌ ခံစားမှု မရှိခြင်းသည်ပင် ချမ်းသာမည်၏” တဲ့။