ရှောင်ဖယ်ဖယ်စိတ်
- မပတ်သက်ချင်တော့တဲ့သူနဲ့ လုံးဝမပတ်သက်ချင်တော့ဘူးဆိုရင် ပတ်သက်စရာ မရှိအောင် ကြိုတင်ပြီး ရှောင်လွှဲထားတဲ့ စိတ်ပုံစံ။
ရှစ်စပ်က ဂျင်ခြေလည်စိတ်
- ရောက်တဲ့အရပ်မှာ တွေ့တဲ့လူနဲ့ အဆင်ပြေအောင် ပေါင်းသင်းနေထိုင် လုပ်ကိုင်စားသောက်တတ်တယ်။ ပြဿနာ တစ်စုံတစ်ရာ တက်ပြီဆိုရင်လည်း အဲဒီပြဿနာထဲမှာ အဓိက ပါဝင်လှုပ်ရှား ကျူးလွန်ခဲ့ပေမယ့် ကိုယ်တိုင် မပါသလိုမျိုး ပါးပါးနပ်နပ် ဉာဏ်နီ ဉာဏ်နက်တွေ အကုန်ထုတ်သုံးတယ်။ လိမ်နည်းမျိုးစုံ အကုန်ထုတ်သုံးတယ်။ အန္တရာယ်ပြဿနာကြားထဲက လှည့်ပတ်ပြီး ကိုယ်လွတ်ရုန်းထွက် ရှောင်တိမ်းနိုင်တဲ့ စိတ်အရည်အချင်း။
ရှုတ်ချတတ်သောစိတ်
- ကိုယ့်ထက်သာရင် မနာလိုတတ်တဲ့သူတွေ၊ သူတစ်ပါးကို အမြဲတမ်း အထင်သေးနေတတ်တဲ့သူတွေ၊ တစ်ဘက်သားကို မကောင်းမြင်တဲ့ ရှုထောင့်ကပဲကြည့်ပြီး ရှုတ်ချလို့ရမယ့်အပြစ်ကိုသာ ရှာကြံရွေးချယ်ပြီး မှိုချိုးမျှစ်ချိုး ပြောတတ်တဲ့သူတွေဆီမှာ ရှိတဲ့ စိတ်အမျိုးအစား။
ရှိန်းဖိန်းပူထူသွားသောစိတ်
- ဆယ်ကျော်သက်ရွယ် လူပျိုပေါက်စ၊ အပျိုပေါက်စလေးတွေ ဆန့်ကျင်ဘက် အတွေ့အကြုံကို ပထမဆုံးအကြိမ် ကြုံတွေ့လိုက်ရတဲ့ အခါမျိုးမှာ ရှိန်းခနဲ ဖိန်းခနဲ ဖြစ်သွားတဲ့ စိတ်အနေအထား။
ရှုပ်ထွေးနေသောစိတ်
- ရှုပ်ယှက်ခတ်တဲ့စိတ် ဖြစ်ရခြင်း၊ ရှုပ်ပွတဲ့စိတ်အနေအထား ဖြစ်ရခြင်းအကြောင်းတွေဟာ သတိမရှိတဲ့အချိန်လေးမှာ အာရုံခြောက်ပါးကြောင့် ဆက်တိုက်ဝင်လာသမျှ စိတ်အကုန်လုံးကို လက်ခံယူမိသလို ဖြစ်သွားလို့ပဲ။ အတားအဆီးမရှိဘဲ ၀င်လာခွင့်ရသမျှ စိတ်တွေနဲ့ အတူပါလာတဲ့ ခံစားမှုတွေကလည်း ခံစားမှုမျိုးစုံကို သူ့ထက်ငါ အပြိုင်ကြဲပြီး အစွမ်းတွေ ထုတ်ပြကြတယ်။ အဲဒီအချိန်မှာ ဘယ်လိုစိတ်ကိုလက်ခံပြီး ဘယ်လိုစိတ်ကို ဖယ်ထုတ်ရမယ်ဆိုတာ ရုတ်တရက် မလုပ်တတ်တော့ဘူး။ စောင့်ကြည့်သိမှတ်ပေးနေတဲ့ စိတ်ကလည်း သတိမရှိတော့ ၀င်လာတဲ့ စိတ်တွေကြားထဲမှာ ညပ်ပြီး အသိရော သတိရော ပျောက်နေတယ်။ အဲဒီအချိန်မှာ ရှုပ်ထွေးတဲ့ စိတ်အမျိုးအစားတွေဟာ စုပြုံပြီး ရှုပ်ယှက်ခတ်ကုန်တော့တာပဲ။
ရှုံ့ချည်နှပ်ချည်စိတ်
- မပြတ်သားတဲ့ စိတ်အမျိုးအစားလို့သာ သတ်မှတ်လိုက်ပါတော့။
ရှုံးနိမ့်သွားသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ရွှေ့ပြောင်းနေသောစိတ်
ရွှင်လန်းနေသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။

Next Chapter »