သွေးဆောင်တတ်သောစိတ်
- ဒီဘက်ခေတ်မှာ သတိအကြီးစားထားရမယ့် စိတ်အမျိုးအစားပဲ။ လူကုန်ကူးတဲ့နေရာတွေမှာ အသုံးချဖို့၊ လိင်ဖျော်ဖြေရေး အလုပ်တွေမှာ အသုံးချဖို့၊ ဘာမှမသိတဲ့ အလွန်ရိုးအတဲ့ လိုချင်စိတ်၊ ဖြစ်ချင်စိတ် တစ်ခုပဲရှိနေတဲ့ သားကောင်မျိုးကိုမှ ရွေးပြီး ယုံအောင် စည်းရုံးတတ်တဲ့သူတွေရဲ့ စိတ်အရည်အချင်း။
သွေးထိုးလှုံ့ဆော်တတ်သောစိတ်
သွေးနားထင်ရောက်နေသောစိတ်
- ဘ၀မေ့ပြီး ဘ၀င်မြင့်ရင်း မာနကြီးသူ စာရင်းထဲ ရောက်ရှိသွားတဲ့ စိတ်အနေအထား။
သွေးနီးသောစိတ်
- အရေးကြီးတဲ့ အချိန်ရောက်ပြီဟေ့! သွေးနီးကြစို့! ရဲရဲတောက်နီနေတဲ့သွေးကို ဖောက်ပြလိုက်စမ်း! စသဖြင့် အရေးကြီး သွေးနီး! မင်းသွေး ဘယ်လောက်ရဲလဲ! စသဖြင့် သတ္တိကောင်းကြောင်း တင်စားတဲ့နေရာတွေမှာ သုံးနှုန်းဖော်ပြတဲ့ စိတ်ခေါင်းစဉ်တွေပါပဲ။
သွေးပျက်သွားသောစိတ်
- ဘ၀မှာ တစ်ခါမှ မတွေ့ဘူး၊ မမြင်ဘူး၊ မကြုံဘူးတဲ့ အဖြစ်ဆိုးကြီးလို မျက်စိရှေ့မှာ မျက်ဝါး ထင်ထင် မြင်နေရတဲ့ မြင်ကွင်းဟာ ယောက်ျား အရင့်အမာကြီးတွေတောင် တုန်လှုပ် ချောက်ချားသွားစေတယ်။ (အရှိန်ပြင်းစွာ မောင်းလာတဲ့ကားနှစ်စီး မျက်နှာချင်းဆိုင် တိုက်မိတဲ့ မြင်ကွင်းမျိုး၊ ခြောက်ထပ်တိုက်ပေါ် ကနေ ဇောက်ထိုးပြုတ်ကျလာတဲ့ သူရဲ့ ခေါင်းနဲ့လမ်းမနဲ့ ရိုက်မိတဲ့ မြင်ကွင်းမျိုးကို ကိုယ်တိုင် မြင်လိုက်တဲ့အချိန်မှာ . . . .)
သွေးရူးသွေးတန်း ဖြစ်နေသောစိတ်
- လောင်အားကောင်းနေတဲ့ မီးအရှိန်က မိမိအိမ်ကို ကူးနေပြီ။ အိမ်ထဲမှာ လေဖြတ်ထားတဲ့ မိခင်နဲ့မွေးခါစ ကလေးတစ်ယောက် ရှိနေတယ်ဆိုရင် ကလေးရဲ့ အမေစိတ်က ဘယ်လိုအနေအထားမျိုး ဖြစ်နေမလဲ?
သွေးရိုးသားရိုးစိတ်
- ဖြစ်ချင်လို့ကို ဖြစ်အောင်လုပ်တဲ့နည်းတွေနဲ့ ဖြစ်အောင်လုပ်နိုင်တဲ့သူတွေ၊ မယုံကြည်နိုင်စရာ ဆုံးဖြတ်ချက်နဲ့ လုပ်သလို ပြောပြီး၊ ပြောသလို လုပ်နိုင်တဲ့သူတွေဟာ လူ့စွမ်းအားအရင်းအမြစ်ကို ရိုးရိုးသားသား ဖော်ထုတ်ပြတာပါပဲ။ သူတို့တွေရဲ့ စိတ်ထဲမှာ ဉာဏ်နီ ဉာဏ်နက်တွေ မပါလောက်ပါဘူး။
သွေးလေချောက်ချားနေသောစိတ်
- ရောဂါတစ်ခုခုကြောင့် ဖြစ်နိုင်သလို၊ ဖြစ်ပြီးခဲ့တဲ့အကြောင်းအရာ အဖြစ်ဆိုးကြီးကို အာရုံထဲက ဖယ်ထုတ်လို့ မရသေးလို့လည်း ဖြစ်နိုင်သလို၊ မဖြစ်သေးတာကို ဖြစ်လာမလား မသိဘူး ဖြစ်လာရင်တော့ ဒုက္ခပဲဆိုပြီး မဖြစ်သေးတာကို ကြိုတင်တွေးပြီး ကြိုတင် စိုးရိမ်မှုကြောင့်လည်း ဖြစ်နိုင်တယ်။ (မိမိကိုယ်မိမိ ပြန်မေးပါ။ အဲဒီစိတ် ငါ့ဆီမှာ ဘာ့ကြောင့် ဖြစ်နေတာလဲ? အဖြေထွက်ရင် မိမိစိတ် မိမိ ပြင်လိုက်နိုင်တာနဲ့ ငြိမ်းအေးပြီ။)
သွေးလေးနေသောစိတ်
- အလုပ်မလုပ်ဘဲ နားနေတာကြာသွားရင် အလုပ်ပြန်လုပ်တဲ့အခါမှာ အလုပ်လုပ်ချင်တဲ့စိတ်ကို ချက်ချင်းပြန်ခေါ်လို့ မရသလို ဖြစ်တတ်တဲ့ စိတ်အမျိုးအစား။
သွေးဝေးသွားသောစိတ်
- အလွယ်ဆုံးဥပမာကတော့ ငယ်ငယ်တုန်းက ခင်တယ်လို့ သတ်မှတ်ထားတဲ့သူနဲ့ နှစ်ပေါင်းများစွာကြာအောင် တစ်ယောက်နဲ့ တစ်ယောက် မတွေ့ကြတော့ဘူးဆိုရင် သဘာဝအရ မေ့သွားတတ်တဲ့စိတ်။
သွေးအေးအေးနဲ့ရက်စက်တတ်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။