ဘာဆေးမှ မသောက်ဘူး။

ဘယ်ဆရာဝန်နဲ့မှလည်း မကုဘူး။

ယင်းထနေတာကို စောင့်ကြည့်ရင်း ဖြတ်ပစ်လိုက်တာ။

(ယင်းထတယ်ဆိုတာ မူးယစ်ဆေးဝါး သုံးစွဲသူတွေ၊ ဆေးသောက်ချင်လို့ ဆာလောင်တဲ့ ခံစားမှုအပြင်းစား နိမိတ်ပြပုံစံ)

တုန်တုန်ရီရီ ဖြစ်နေတဲ့သဘောကို

မခံစားဘဲ စောင့်ကြည့်တဲ့ဘက်ကို ခလုတ်ရွှေ့ပြီး သိကြည့်တာ။

ဘယ်အရာမှ အကြာကြီး မဟုတ်ဘူးဆိုတဲ့သဘောကို

အစတည်းက သိထားပြီးသား ဖြစ်နေလို့လည်း

မခံမရပ်နိုင်အောင် ဖြစ်နေတဲ့ ခံစားမှုကို အရေးတယူ

ရေးကြီးခွင်ကျယ် မလုပ်တာလည်း ပါတယ်။

အပြင်းထန်ဆုံး ခံစားမှုဆိုတာ အလွန်ဆုံး ၁၀ မိနစ်လောက်ပဲ ကြာတယ်။

ခံစားမှု ပြန်လျော့ကျသွားတာလည်း ၁၀ မိနစ်လောက်ပဲကြာတယ်။

အဲဒီလိုပေါ်လိုက် လျော့ကျသွားလိုက်နဲ့ ငါးခါလောက်ဖြစ်ပြီးတဲ့အခါမှာ ယင်းထတဲ့ခံစားမှုရဲ့ အရှိန်တွေဟာ ပထမ အကြိမ်တွေတုန်းကလောက် မပြင်းထန်တော့တာကို သိလာတယ်။

ပထမဆုံးအကြိမ် အပြင်းထန်ဆုံး ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ဟာ ဘ၀အတွက် အနက်ရှိုင်းဆုံး အမှတ်တရ ဖြစ်သွားစေတယ် ဆိုတဲ့စကားဟာ မှန်တယ်။

ပထမဆုံးဒုက္ခကို ကျော်ဖြတ်ခဲ့ပြီးရင် နောက်ထပ်တွေ့တဲ့ဒုက္ခတွေဟာ သေးငယ်သွားပြီး မပြင်းထန်တော့ဘူး။

ဒီလို ခံနိုင်ရည်ရှိလာတာဟာ ပထမဆုံးအကြိမ်ရဲ့ ခံစားမှုကို အတွေ့အကြုံ ရရှိထားခဲ့လို့ပဲ။

ခလုတ်ကို ဟိုဘက်၊ ဒီဘက်ရွှေ့ပြီး ကမ္ဘာကျော် ဟီးရိုးအင်းလို့ ခေါ်တဲ့ ဘိန်းဖြူအစွဲကို ဖြတ်ပစ်နိုင်ခဲ့တယ်။

 
off on