အိုးနင်းခွက်နင်းစိတ်
- သတိထားထားတာမျိုး မရှိတော့ ရုတ်တရက် လန့်ဖျပ်စရာ တစ်စုံတစ်ရာနဲ့ ကြုံတွေတဲ့အခါမှာ သတိမရှိဘဲ၊ ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်မိပြီး ကမောက်ကမတွေ ဖြစ်ကုန်တဲ့ အဆင်မပြေစိတ်။
အိုးပစ်အိမ်ပစ် စွန့်လွှတ်သောစိတ်
- အနိစ္စ - မတည်မြဲခြင်းရဲ့ သဘောတရား။
ဒုက္ခ - ဆင်းရဲခြင်းရဲ့ သဘောတရား။ အရာရာဟာ သူ့သဘောနဲ့သူ ဖြစ်ချင်သလို ဖြစ်နေတာ။ မိမိသဘောအတိုင်းဆိုတာ ဘယ်နေရာ၊ ဘယ်အရာမှ မရှိဘူးဆိုတဲ့ သဘောတရားတွေကို ကိုယ်တိုင်လက်တွေ့ သိရှိနားလည် သဘောပေါက်သွားတဲ့ အခါမှာ၊ သိတဲ့အတိုင်း လက်တွေ့ အကောင်အထည်ဖော်ဖို့ အချိန်အခါနဲ့ အခြေအနေကလည်း ပေးနေတော့ ချက်ချင်းဆုံးဖြတ်ပြီး အားလုံးကို စွန့်လွှတ်လိုက်တဲ့ စိတ်အဆင့်။
အိုးမလုံအုံပွင့်စိတ်
- တစ်စုံတစ်ရာ အပြစ်တစ်ခုခုကို ကျူးလွန်ထားတဲ့သူဟာ ဘယ်သူက ဘာပြောပြော ငါ့ကိုပြောနေတာလား မသိဘူး။ ဘယ်သူက ဘာလုပ်လုပ် ငါ့ကို မသင်္ကာလို့ လုပ်နေတာလား မသိဘူးဆိုပြီး မိမိအပြစ်နဲ့မိမိ စိုးရိမ်ပူပန် တုန်လှုပ်နေတဲ့ စိတ်အမျိုးအစား။
အောက်ကျမခံသောစိတ်
- မိမိအရည်အချင်းနဲ့ မိမိအစွမ်းကို ယုံကြည်နေတဲ့သူတွေဟာ သူတစ်ပါးရဲ့ အကူအညီကို တောင်းခံဖို့ ၀န်လေးနေတဲ့ စိတ်အနေအထား။
အောက်ခြေလွတ်နေသောစိတ်
- မတော်တဆ ရရှိသွားတဲ့ အခွင့်အရေးလေးပေါ်မှာ သာယာပြီး၊ လက်ရှိဘ၀ကို မေ့သွားတဲ့ ဘ၀င်မြင့်စိတ်။
အောက်တန်းကျသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အောက်မေ့သောစိတ်
- သတိရတဲ့၊ အမှတ်ရတဲ့ စိတ်အမျိုးအစား။
အောက်သက်ကျေသောစိတ်
- အဆင်မပြေတဲ့၊ ဆိုးရွားတဲ့ အတွေ့အကြုံများစွာနဲ့ ဘ၀ကို ရင်ဆိုင်ကျော်လွှား ဖြတ်သန်းခဲ့ရတဲ့ ဘ၀သမားတွေရဲ့ စိတ်အနေအထား။
အင်တိုက်အားတိုက်စိတ်
- အလုပ်တစ်ခုကို စိတ်ရော၊ ကိုယ်ပါ စွမ်းအားရှိသလောက် အင်အားသုံးပြီး အားထုတ်တဲ့ စိတ်အရည်အချင်း။
အင်တင်တင်စိတ်
- စိတ်မပါသလို၊ စိတ်မ၀င်စားသလို၊ လိုက်လျောမှု မရှိသလို စိတ်အနေအထား။
အင်မတိအင်မတန်စိတ်
- နားလည်ရခက်တဲ့၊ ပြောရခက်တဲ့စိတ်။ သာမန်ထက်ပိုပြီး အလွန့်အလွန် အဆင့်ရောက်နေတဲ့ စိတ်အဆင့်။
အင်အားကောင်းသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အင်းမလှုပ်အဲမလှုပ်စိတ်
- ဟုတ်တယ်လို့လည်း မဟုတ်ဘူး။ မဟုတ်ဘူးလို့လည်း မဟုတ်ဘူး။ သေသေချာချာ၊ တိကျတဲ့အဖြေကို မသိသေးတဲ့အချိန်မှာ ဖြစ်နေတဲ့ မတင်မကျစိတ်။
အောင်ပွဲခံချင်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အောင့်ခံနေသောစိတ်
- စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ခံစားမှုတစ်ခုခုကို ထုတ်ပြခွင့်မရဘဲ ကြိတ်မှိတ် အောင့်အည်း သည်းခံနေတဲ့စိတ်။
အောင့်သက်သက်ဖြစ်သောစိတ်
- တစ်စုံတစ်ယောက်ရဲ့ အနိုင်ကျင့်မှုကို မထင်မှတ်ဘဲ ရုတ်တရက် ခံလိုက်ရတဲ့အခါမှာ မခံချိမခံသာ ဖြစ်သွားတဲ့စိတ်။
ဥစ္စာရူးစွဲလမ်းစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ဧည့်ဝတ်ကျေသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အတ္တကြီးသောစိတ်
- မိမိအကျိုး တစ်ခုတည်းအတွက်ပဲ ကြည့်တတ်၊ သိတတ်တဲ့စိတ်။