အသိပညာထက်မြက်သောစိတ်
- အသိစိတ်မှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေကိုသာ လေ့လာပြီး အားထုတ်နိုင်မယ်ဆိုရင် စိတ်နဲ့ပတ်သက်တဲ့ စိတ်အသိ ပညာပိုင်းမှာတော့ ထက်မြက်လာမှာ သေချာတယ်။
အသိအမှတ်ပြုသောစိတ်
- ကောင်းတဲ့ အပြုအမူအပြောအဆို လှုပ်ရှားမှုတွေရော၊ မကောင်းတဲ့ အပြုအမူအပြောအဆို လှုပ်ရှားမှုတွေအပေါ်မှာ ထက်မြက်သူ၊ စွမ်းဆောင်နိုင်သူ၊ ညံ့ဖျင်းသူ စသဖြင့် ကောင်းရင် ကောင်းသလို၊ မကောင်းရင် မကောင်းသလို၊ သတ်မှတ်တဲ့စိတ်။
အသေအချာဆောင်ရွက်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အသောက်အစားကို ၀ါသနာပါသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အသစ်မဟုတ်သော အဟောင်းထဲက သစ်နေသောစိတ်
- ဒီနေ့ခေတ်ရဲ့ လူသားအသစ်တွေဟာ သူများပြောသလို မလုပ်ကြတော့ဘူး။ ကိုယ်ပိုင် တီထွင်မှုအသစ်တွေနဲ့ သူ့ထက်ငါ သာအောင် ဖန်တီးနိုင်စွမ်းရှိတာကို အပြိုင်အဆိုင် လက်စွမ်းတွေပြနေကြပြီ။ ဒီနေ့ခေတ်ရဲ့ နည်းပညာ တိုးတက်မှုတွေကို မြင်ရ၊ ကြားရတာတွေကတော့ လူတွေ မလုပ်နိုင်တာ လောကမှာ ဘာမှကို မရှိတော့ဘူးလို့တောင် ယူဆရမလိုဖြစ်နေတဲ့ အထိပါပဲ။ အံ့ရော။ အကုန်လုံးလိုလို လုပ်နိုင်နေတဲ့လူတွေဟာ လုံးဝမမြင်ရတဲ့ အဆင့်လောက်မှာပဲ ရှိနေတဲ့ မိမိစိတ်ရဲ့ အနိုင်ကျင့် ခြယ်လှယ်နေတာကြီးကိုကျတော့ ခေါင်းငုံ့ပြီး လည်စင်းခံနေကြတာ ကြားလို့မကောင်းဘူးနော်။
ဒီနေ့ခေတ်လူတွေ အရူးအမူး ရှာဖွေနေကြတဲ့ ပညာရပ်တွေထဲမှာ မိမိစိတ်အကြောင်း၊ မိမိသိစေတဲ့ပညာရပ် မရှိဘူးလား?
မိမိစိတ်ကို မိမိနိုင်အောင် လုပ်မယ်လို့ စဉ်းစားထားတဲ့ အစီအစဉ်များ ရှိခဲ့ရင် မိမိစိတ်ကို မိမိသိအောင်ကြိုးစား။ မိမိတတ်ထားတဲ့ ဒီနေ့ ခေတ်ပညာနဲ့ ပေါင်းစပ်ပြီး မိမိစိတ်ကို တန်ပြန် တိုက်ခိုက်တဲ့နည်းနဲ့ စိတ်တိုက်ပွဲ ၀င်ကြည့်ပါလား။ စိတ်ရဲ့စွမ်းအား အရင်းအမြစ်ကို အဓိပ္ပာယ်ကျယ်ရင် ကျယ်သလောက် သိအောင်လုပ်ပြီး မဟာလူသားဆိုတဲ့ ဂုဏ်သိက္ခာနဲ့အညီ အားထုတ်ကြည့်ပါဦးလား!
အသည်းကောင်းသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အသည်းကြောင်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အသည်းစွဲနေသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အသည်းနာသောစိတ်
- မုန်းတီးမှုအဆင့်ကနေ ကျော်လွန်ပြီး ရွံရှာတဲ့အဆင့်ကို ရောက်သွားတဲ့ စိတ်အဆင့်။
အသည်းယားသောစိတ်
- တစ်ဖက်သားရဲ့ အပြောအဆို၊ အပြုအမူတွေကို မြင်ရ၊ ကြားရတဲ့အခါမှာ ကိုယ်ထိလက်ရောက် ကျူးလွန်ခွင့်မရခင် စိတ်ထဲမှာ လှုပ်လှုပ်ရှားရှား ဖြစ်ပေါ်နေတဲ့ စိတ်အနေအထား။
အသည်းလှိုက်အူလှိုက် အားပေးသောစိတ်
- စိတ်စွမ်းအားရှိသမျှ အကုန်လုံး လှိုက်လှိုက်လှဲလှဲ၊ ၀မ်းမြောက်ဝမ်းသာ၊ အားရပါးရ၊ ကျေကျေနပ်နပ်၊ လက်ခံပြီး ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုအားပေးတဲ့စိတ်။