ခန္ဓာငါးပါး၊ ရုပ်နာမ်နှစ်ပါးရဲ့ သဘာဝအရ ဖြစ်ပေါ်နေတာတွေကို သဘာဝအတိုင်း မှတ်သားတာက မှတ်သားမှု အမှန်။

ငါ့ခန္ဓာကိုယ်၊ ငါခံစားတာ၊ ငါမှတ်သားတာ၊ ငါသိတာ၊ ငါလှုံ့ဆော် တိုက်တွန်းပြုလုပ်တာလို့ ငါခေါင်းစဉ်နဲ့တွဲရင် မှတ်သားမှုအမှား။

ဆိုတော့

အမှန်တရားကို ရှာဖွေသူတိုင်းဟာ ဘယ်ဟာအမှန်၊ ဘယ်ဟာအမှားဆိုတာကို ရွေးချယ်တဲ့နေရာမှာ

သူပြောကိုယ်ပြောတွေကို အလွယ်တကူ ချက်ချင်း လက်မခံပါနဲ့။

မယုံပါနဲ့။

ကိုယ်တိုင်လက်တွေ့ သိကျင့်ကြည့်ပါ။

အမှန်နဲ့အမှားကို ခွဲခြားပြီး မှတ်သားနိုင်ဖို့လိုတယ်။

သေချာပြီး တိကျဖို့ လိုတယ်။