ဤစေတသိက်များ ထင်ရှားအောင် ရေးသားရသော ကောင်းမှုပဋိပတ် အကျင့်မြတ်ကြောင့်

ဤကျမ်းကို ကြည့်ရှုသူတို့ ကုသိုလ်ကိစ္စ ထက်သန်တဲ့ ဆန္ဒ ၀ီရိယ ထက်သန်တဲ့ စေတနာထားနိုင်ပါစေလို့

ဆရာတော်ဘုရားကြီး ကရုဏာ၊ မေတ္တာ၊ စေတနာကို ဆရာတော်ဘုရားကြီး ဆန္ဒအတိုင်း သိရှိနားလည် ပွားများ အားထုတ်ခွင့် ရရှိခဲ့ပါတယ်။

သိစရာရှိတာတွေကို သိခွင့်၊ ကျင့်ကြံအားထုတ်ခွင့် ရရှိတဲ့အတွက်ကြောင့်လည်း ရရှိတဲ့ အသိဉာဏ်ကို တိုင်တည်ပြီး မြတ်စွာဘုရားကို အာရုံပြု ပူဇော်ပါတယ်။

ကျင့်ခွင့်၊ ပူဇော်ကန်တော့ခွင့်ရတဲ့ ကုသိုလ်အပေါင်းကိုလည်း ဆရာတော်ဘုရားကြီးကို အာရုံပြုပြီး ပူဇော် ကန်တော့ပါတယ်။

နောက်ထပ်လူသားအားလုံးကိုလည်း ထပ်ဆင့် ဖြန့်ဝေ ကုသိုလ်ပြုပါတယ်။

ဤကုသိုလ်အပေါင်းကြောင့် ဆရာတော်ဘုရားကြီး ဆန္ဒအတိုင်း ဖြစ်လေရာ ဘ၀တိုင်းမှာ သမ္မာဆန္ဒ၊ ၀ီရိယနဲ့ပုညကောင်းမှုအစုစုကို ဆန္ဒရှိတဲ့အတိုင်း ပြုနိုင်ပါစေ။

ဆရာတော်ဘုရားကြီးရဲ့ အဆက်အသွယ် ကြီးငယ်တို့သည်လည်း ပါရမီကိစ္စ အ၀၀မှာ ထက်မြက်တဲ့ စေတနာနဲ့ သမ္မာဆန္ဒ ၀ီရိယရှင်တွေချည်း ဖြစ်ကြပါစေလို့

ဦးညွတ်စွာ ဆန္ဒပြုပါတယ်။

Next Chapter »