ဖဿ စေတသိက် ဖြစ်ခွင့်ရတာ အာရုံခြောက်ပါးကြောင့်

ခံစားမှု ဝေဒနာ စေတသိက် ဖြစ်ပေါ်လာတာ ဖဿ အဆင့်မှာ မဖြတ်လို့

စိတ်ထဲကို စိတ်တစ်ခု ၀င်လာတာနဲ့ ဖြတ်၊

ဝင်မှန်းသိအောင် အားထုတ်၊

စိတ်အလျဉ်ရဲ့ ဒုတိယအဆင့် လှုပ်သွားတဲ့ အဆင့်မှာဖြတ်

စိတ်ရဲ့သဘောက တစ်ကြိမ်မှာ တစ်ခုပဲ ၀င်ခွင့်ရှိတယ်။

ဝင်ခွင့်ရှိတဲ့ စိတ်ကလည်း ခဏလေးပဲ ဖြစ်ခွင့်ရှိတယ် ဆိုတာ

သဘောပေါက်ထားရင် ဖြတ်လို့ လွယ်တယ်။

စိတ်ကို စောင့်ကြည့် သိမှတ်တယ်ဆိုတာ ထိတွေ့တဲ့ ဖဿကို ဖြတ်နေတာ။

ခဏလေးပဲ ဖြစ်ခွင့်ရှိတဲ့ တစ်ခုတည်းသောစိတ်ကို ကြားဖြတ်စိတ်အဖြစ်

ဝင်မလာနိုင်အောင် ဖြစ်ဖြစ်ချင်း ဖြတ်နေတာ

စိတ်စေတသိက်တွေ အများကြီး ရှိတဲ့အထဲမှာ

ဖဿဆိုတဲ့ စေတသိက်က ထိတွေ့တဲ့အာရုံ ဖြစ်စေတဲ့ အလုပ်တစ်ခုကိုပဲ လုပ်တယ်။

Next Chapter »