ငတ်ကြီးကျသောစိတ်
- စိတ်ရဲ့ ဆာလောင်ငတ်မွတ်မှု လွန်ကဲပြင်းထန်နေတဲ့ အချိန်မျိုးမှာ စိတ်အစာတစ်ခုခုကို မြင်ရင် သတိလွတ်ပြီး ဣနြေ္ဒ မထိန်းနိုင်တော့တဲ့ အဆင့်ထိရောက်သွားတဲ့စိတ်။
ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်စိတ်
- ကြိုးစားချင်စိတ်ရှိသူများကို ထပ်ဆင့်ကြိုးစားစိတ် ပေါ်လာအောင် အားပေးတဲ့ စိတ်နာမည်။
ငမ်းငမ်းတက်စိတ်
- လိုချင်တပ်မက်တဲ့ စိတ်အဆင့်က အမြင့်ဆုံးနေရာထိ အရှိန်ပြင်းထန်စွာ ရောက်ရှိသွားတဲ့အခါမှာ ဣနြေ္ဒသိက္ခာမရှိတော့တဲ့ အညံ့စား စိတ်အမျိုးအစား။ တစ်ကိုယ်လုံးလည်း မီးတွေက လောင်နေတယ်။ လက်နှစ်ဖက်လုံးမှာလည်း မီးတုတ်နှစ်ခု ကိုင်ထားတယ်။ ဒါကို အားမရသေးဘူး။ လက်တစ်ကမ်းက ဓာတ်ဆီပုံးကိုလည်း အငမ်းမရ လှမ်းဆွဲနေတဲ့သဘောအထိ သက်ရောက်သွားစေတဲ့ စိတ်အဆင့်။
ငုံ့ခံသောစိတ်
- ဘ၀တစ်လျှောက်လုံးမှာ ဘယ်တုန်းကမှ အဆင်မပြေခဲ့တဲ့သူတွေဟာ ဘယ်သူက ဘာပဲပြောပြော၊ ဘယ်လိုပဲ အနိုင်ကျင့်ကျင့် ဘာမှ ပြန်မပြောဘဲ ခေါင်းငုံ့ခံနေတာဟာ ရန်ကင်းတယ်လို့ လက်ခံယူဆထားသူတွေရဲ့ အန္တရာယ်ကာကွယ်စိတ်။
ငုံ့မခံသောစိတ်
- သေချာတဲ့ သက်သေအထောက်အထားမျိုးစုံနဲ့ ပညာကိုယ်စီ တတ်ကျွမ်းထားသူတွေဟာ မိမိဘက်က အမှန်တရားကို ထုတ်ဖော်ပြတတ်တဲ့ စိတ်သတ္တိ။
ငယ်မူပြန်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ငြိတွယ်စိတ်
ငြီးငွေ့စိတ်
- နေ့စဉ်နဲ့အမျှ အချိန်တိုင်း အချိန်တိုင်း အဆက်မပြတ် လုပ်နေရတဲ့ လုပ်နေကျ အလုပ်တွေကို လုပ်ရင်းကိုင်ရင်း စိတ်ပျက်လာတာ။ လူဖြစ်ရတဲ့ ဒုက္ခတွေကို သဘောပေါက်ပြီး ခန္ဓာကိုယ်ရဲ့ တာဝန်ပိုင်းဆိုင်ရာ လုပ်နေကျအလုပ်တွေကို လုပ်ရင်းကိုင်ရင်း စိတ်ပျက်လာတာ။ ဘ၀သစ်တွေ ပြန်ဖြစ်မှာစိုးလို့ ဆာလောင်နေတဲ့ တဏှာစိတ်ကို အဆက်မပြတ် ဖြတ်ပစ်နေရတဲ့ စိတ်အလုပ်တွေကို လုပ်ရင်းကိုင်ရင်း စိတ်ပျက်လာတာ။ အာရုံခြောက်ပါးကြောင့် ဖြစ်ပေါ်လာတဲ့ အရာရာအပေါ်မှာ စိတ်ပျက်နေတဲ့စိတ်။
ငြီးစီစီစိတ်
- တစ်စုံတစ်ရာအပေါ်မှာ ငြိတွယ်ပြီး စိတ်ကကျဉ်းကျပ်နေတာ၊ ရွှင်ရွှင်လန်းလန်း မရှိတာ။ စိတ်လွတ်မြောက်မှုကို ရှာဖို့ကျတော့လည်း လောလောဆယ်မှာ အကြံမထွက်ဘဲ စိတ်ကအိုက်နေရင် ဖြစ်နေတဲ့ စိတ်အနေအထား။
ငြူစူသောစိတ်
- အကျင့်စရိုက်ချင်းမတူကြလို့ လူသားချင်း ဆက်ဆံတဲ့နေရာမှာ စကားအနေနဲ့ပဲဖြစ်ဖြစ်၊ အပြုအမူအရပဲဖြစ်ဖြစ်၊ မိမိ မကြိုက်တာကို ထုတ်ဖော်ပြနေတဲ့ စိတ်အမျိုးအစား။
ငြိုငြင်သောစိတ်
- ယုံကြည်စိတ်ချမှုကို အလွဲသုံးစားပြုလုပ်ခြင်း၊ ပေးအပ်ထားတဲ့ တာဝန်တွေကို အပြည့်အ၀ မဆောင်ရွက်နိုင်ခြင်း၊ အရေးကြုံတဲ့ အခါမှာ မျှော်လင့်ထားသလောက် မထမ်းဆောင်နိုင်ခြင်းတွေကို သိလိုက်ရတဲ့အချိန်မှာ ယုံကြည်စိတ်ချမှု မရှိတော့ဘဲ စိတ်ပျက် ရွံရှာသွားတဲ့ စိတ်အနေအထား။
ငြိုးသူရန်ဘက်စိတ်
- ရန်သူဖြစ်သွားတဲ့သူကို ရန်သူလိုသဘောထားလိုက်တဲ့ အချိန်ကစပြီး အခွင့်ရရင် ရသလို ပြန်လည် တုံ့ပြန်တိုက်ခိုက်ဖို့ ဆုံးဖြတ် ထားတဲ့စိတ်။
ငြင်းခုံသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ငြင်းဆန်သောစိတ်
- မလုပ်သင့်တဲ့အလုပ်တစ်ခုကို ဘယ်သူက ဘယ်လိုနည်းနဲ့ ခြိမ်းခြောက်ပြီး ခိုင်းခိုင်း၊ ချော့မော့ မြူဆွယ်စည်းရုံးပြီး ခိုင်းခိုင်း၊ ငွေတွေ ဘယ်လောက်ပဲ ပုံပေးပေး မလုပ်ဘူးလို့ ငြင်းပယ်နေတဲ့ စိတ်အမျိုးအစား။
ငြိမ်ဝပ်ပိပြားသောစိတ်
- စိတ်ကို စောင့်ကြည့်သိမှတ်နေတဲ့ စိတ်စွမ်းအား အမြင့်ဆုံးရောက်နေတဲ့အချိန်မှာ အရာရာဟာ မရှိတော့ဘူး အနေအထားနဲ့ အဆုံးသတ်နေတဲ့ သဘာဝ၊ မရှိတော့ဘူးဆိုတဲ့ အရာဟာလည်း မရှိတော့ဘူးဆိုတဲ့ သဘောအနေနဲ့သာ အဆုံးသတ်နေတဲ့ အဖြေမှန်။ မိမိသိမှတ်လို့ ရနေတဲ့ အသိကိုတောင် ပိုင်ဆိုင်ခွင့်၊ စွဲလမ်းခွင့် မရှိတဲ့အထိ သဘောပေါက်သွားပြီး မသိမှုကြောင့် အကြိမ်ပေါင်းများစွာ မှားခဲ့တဲ့စိတ်၊ ထောင်လွှားခဲ့တဲ့စိတ်၊ မာန်တက်ခဲ့တဲ့ စိတ်တွေအကုန်လုံး ပြုတ်ကျငြိမ်သက်သွားတဲ့ စိတ်ပုံစံ။
ငြိမ်သက်သောစိတ်
- အာရုံတစ်ခုတည်းကို စူးစိုက်၊ စုစည်းထားတဲ့ လေ့ကျင့်အားထုတ်မှု အားကောင်းလာတဲ့အခါမှာ စိတ်ရဲ့ပျံ့လွင့်မှုတွေ မရှိဘဲ တည်ငြိမ်နေတဲ့ စိတ်အနေအထား။
ငြိမ့်ညောင်းသာယာစိတ်
- စိတ်ချင်းစိတ်ချင်း ထိငြိပြီး ဖြစ်ပေါ်နေတဲ့ စိတ်ခံစားမှုကို ကြိုက်နှစ်သက်စွာ လက်ခံယူပြီး စိတ်အစဉ်ထဲမှာ စီးမျော ကျေနပ်နေတဲ့ စိတ်အနေအထား။
ငြိမ်းချမ်းနေသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ငြိမ်းအေးနေသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ငြိမ်းအောင်ငြှိမ်းသတ်နိုင်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ငွေဂုဏ်မောက်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ငွေမက်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။

Next Chapter »