မေး - အရာရာဟာ မရှိတော့ဘူးဆိုတဲ့ သဘောကို ဘယ်လိုနည်းနဲ့ သိအောင်လုပ်မလဲ?
ဖြေ - စိတ်ကို စောင့်ကြည့်သိမှတ်တဲ့ စိတ်လေ့ကျင့်ခန်း လုပ်ပြီး သိကြည့်!
တဏှာကင်းပြီး ငြိမ်းအေးချင်ရင် မိမိစိတ်ကို လက်ရှိပစ္စုပ္ပန်အချိန်မှာထားပြီး မိမိစိတ်ကို စောင့်ကြည့်သိမှတ်နေလိုက်!
လိုချင်နေတဲ့ လောဘစိတ်တွေ ရပ်သွားလိမ့်မယ်။
မေး - ဒီနေ့ခေတ်ထဲက လူတွေကို လောဘမကြီးပါနဲ့လို့ သတိပေးချင်ပေမယ့် အားနာနေတယ်။
လူဦးရေကလည်း တဖြည်းဖြည်း များလာတာ သန်းပေါင်း ၇၀၀၀ ပြည့်တော့မယ်တဲ့။ ဘယ်လိုလုပ်မလဲ?
ဖြေ - ပြောကြည့်မယ်။ အနည်းဆုံး တစ်နေ့နှစ်ခါစားတဲ့ ပါးစပ်ပေါက်တွေကလည်း တစ်နေ့တခြား များလာပြီ။ ဒီပါးစပ်ပေါက်တွေက တစ်ဆင့် အစာအိမ်ထဲ အစာဖြည့်ဖို့ ရှာရ၊ ဖွေရတာတွေက ပွဲကြမ်းလာပြီ။

လူသားချင်း စာနာမှုတွေ၊ ငဲ့ညှာမှုတွေ နည်းလာပြီ။ လူကောင်းပဲဖြစ်ဖြစ်၊ လူဆိုးပဲဖြစ်ဖြစ်၊

ပညာတတ်တတ်၊ မတတ်တတ်၊

ပိုက်ဆံရှိရှိ၊ မရှိရှိ၊ အချိန်တန်ရင် အစာအိမ်ထဲ အစာဖြည့်ပေးရတယ်။ လူတန်းစေ့ နေနိုင်အောင် ရှာရ၊ ဖွေရ၊ ခုတ်ရ၊ ထစ်ရတာတွေကို မလုပ်မဖြစ် လုပ်နေကြရတယ်။ ပြိုင်ဘက်တွေကလည်း နေရာတိုင်းမှာ ရှိနေပြီ။ မိမိက လောဘမတက်လည်း ပြိုင်ဘက်က လောဘတက်နေရင် မိမိမရတာပဲ ရှိမယ်။ အဓိက ငါရဖို့ပဲ အရေးကြီးတယ် ဆိုတဲ့ စိတ်တွေ ဖြစ်ကုန်ပြီ။

ခေတ်အနေအထားကလည်း နေရာတိုင်းမှာ

ပိုက်ဆံ

ပိုက်ဆံ

ပိုက်ဆံ

ပိုက်ဆံ

ပိုက်ဆံ

ပိုက်ဆံ

ပိုက်ဆံ

ပိုက်ဆံ

ပိုက်ဆံ

ပိုက်ဆံ

ဖြစ်နေပြီ။

ပိုက်ဆံက မရှိလို့ကို မဖြစ်တော့ဘူး။ အရာရာမှာ ပိုက်ဆံက မရှိမဖြစ် ပစ္စည်းဖြစ်သွားပြီ။

သူများကို ကူညီချင်ရင်လည်း ပိုက်ဆံမရှိလို့ မရဘူး။ တရားနဲ့အညီ မျှမျှတတဆိုတဲ့ သဘောလေးဟာ ဘယ်အချိန်တုန်းက ဘယ်နေရာမှာ လွင့်စင်ကျပျောက်သွားပြီလဲ?

မေး - ပိုက်ဆံရှာတဲ့နည်းတွေကလည်း အံ့သြစရာကောင်းတဲ့ အဆင့်က ကျော်လွန်နေပြီး ကြောက်ခမန်းလိလိ ဖြစ်နေပြီ။ ဘာ့ကြောင့်လဲ?
ဖြေ - တဏှာစိတ်ရဲ့ အကောင်အထည် ဖော်နေတာတွေကိုလည်း ကြည့်ဦးလေ!
ဆေးအတု ရောင်းတယ်တဲ့။
လူတွေစားတဲ့ အစားအသောက်တွေထဲကို လူတွေဒုက္ခဖြစ်စေတဲ့ ဓာတုဆေးတွေ ထည့်သုံးနေကြတယ်တဲ့။
လူကုန်ကူးတယ်တဲ့။
လူတွေကို ကျွန်အဖြစ်နဲ့ ရောင်းစားနေကြပြီတဲ့။
လိင်ဖျော်ဖြေရေး လုပ်ငန်းတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးတွေပါနေတယ်တဲ့။
ဒါတွေဟာ ဘယ်ဘာသာရေးရဲ့ တရားတော်ကမှ လက်မခံတဲ့၊ ခွင့်မပြုတဲ့ အပြစ်ကျူးလွန်မှုတွေပဲ။
ဒါပေမယ့် ကျူးလွန်သူတွေက ဘယ်လိုတားတား ပိုပြီး များများလာတယ်။

ဆိုတော့

တရားတော်ရဲ့ အဆုံးအမတွေကို နားမထောင်ကြတော့ဘူးလား!

 

 

Next Chapter »