အခြေခိုင်နေသောစိတ်
- သတိယှဉ်တဲ့စိတ်နဲ့ သမာဓိစွမ်းအားကို ထူထောင်ခြင်းဖြင့် အခြေတကျ တည်ငြိမ်ခိုင်ခံ့တဲ့ စိတ်အနေအထားကို ရယူပါ။
အခြေပျက်နေသောစိတ်
- အခြေမကျတဲ့စိတ်ဟာ အခြေယိုင်တဲ့စိတ်၊ အခြေပျက်တဲ့စိတ်နဲ့ အတူတူပဲ။ သတိယှဉ်တဲ့စိတ်နဲ့ သမာဓိစွမ်းအားကို ထူထောင်နိုင်ခြင်း မရှိခဲ့ရင် အခြေပျက်တဲ့ သောင်းကျန်းမှုတွေဟာ မိမိစိတ်ထဲမှာ နေရာယူတတ်ကြပါတယ်။
အခြောက်တိုက်အားငယ်နေသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အခွင့်ကောင်းယူတတ်သောစိတ်
- လူတွေထဲက လူသားချင်းအတူတူ၊ တချို့လူတွေက လူဖြစ်ခွင့်ရတုန်း သိစရာရှိတာတွေထဲက သိသင့်တာတွေရဲ့ အဆုံးစွန်ထိ သိကြည့်ခွင့်ရချင်တဲ့စိတ်။ စိတ်အသိဉာဏ်ရှိမှု တစ်ချက်တည်းနဲ့ တိုးတက်သွားတဲ့ အဆင့်ရောက်အောင် အခွင့်ကောင်းကို စောင့်နေတဲ့စိတ်။ ဘာပဲလုပ်လုပ် သိကွာဆိုတဲ့ စကားတစ်ခွန်းကို ကြားလိုက်ရတဲ့အချိန်မှာ ဘယ်နေရာ ရောက်ရောက်၊ ဘယ်သူနဲ့တွေ့တွေ့၊ အာရုံခြောက်ပါးနဲ့ နှစ်ပါးသွားနေရတဲ့ လူသားတွေအနေနဲ့ လက်ရှိလုပ်နေဆဲ အလုပ်ထဲမှာ စိတ်ကို တည့်တည့်ထားပြီး စောင့်ကြည့်နိုင်ရင် ဖြစ်မလာသေးတဲ့ အချိန်တွေအတွက် အခုလက်ရှိအချိန်မှာ အကောင်းဆုံး ကြိုတင်ပြင်ဆင်ထားနိုင်တဲ့ အခွင့်အရေးကို ရမယ်။ မိမိစိတ် ဘာလုပ်နေလဲ၊ ဘာကိုသိနေလဲ၊ ၀င်လာတဲ့စိတ်တွေနဲ့ပတ်သက်ပြီး ဘယ်လိုနှလုံးသွင်းနေလဲ? ဆိုတာတွေ သိလို့ရလာမယ်။ ဘာပဲလုပ်လုပ်သိကွာဆိုတဲ့ အသိဟာ အခွင့်ကောင်းတစ်ခုအနေနဲ့ ဘ၀ထဲရောက်လာတာကို အမိအရ ဖမ်းယူပြီး အကောင်အထည် ဖော်ပစ်လိုက်တဲ့ စိတ်အမျိုးအစား။
အဂတိလိုက်စားသောစိတ်
- လုပ်ငန်းအခြေအနေတွေ မတိုးတက်တာ အဂတိ လိုက်စားကြလို့ပဲ။ အကျင့်ပျက်လို့ဆိုပြီး အဂတိ လိုက်စားသူကို ထောင်ဒဏ် ဘယ်နှစ်နှစ် အပြစ်ပေးလိုက်တယ်ဆိုတဲ့ သတင်းတွေကို ကြားရတဲ့အချိန်မှာ အဂတိလိုက်စားတဲ့သူရဲ့ စိတ်ကို ခန့်မှန်းကြည့်တယ်။ အချောင်ရတဲ့ငွေတွေကို ယူရင်း၊ သာယာရင်း၊ ကြိုက်ပြီးရင်း ကြိုက်ရင်း အချောင်ရတဲ့စိတ်ကိုစွဲပြီး အကျင့်ပျက်စီးသွားတဲ့ စိတ်အမျိုးအစား။ (ကြီးလာရင် ဘယ်လို သမာသမတ်ရှိတဲ့လူ ဖြစ်စေရမယ်လို့ ငယ်ငယ်က စိတ်ကူးယဉ်ခဲ့တာတွေ ပြန်စဉ်းစား မိရင် ထောင်ထဲမှာပဲ နောင်တရမှာလား? အပြင်ရောက်ရင် ဆက်မိုက်မှာလား?)
အငမ်းမရစိတ်
- ထိန်းချုပ်လို့ မရတော့တဲ့အထိ ငတ်ကြီးကျတဲ့ စိတ်အမျိုးအစား။ အရှက်မရှိတော့ဘူး။ ဆင်ခြင်တုံတရား မရှိတော့ဘူး။ သိက္ခာမရှိတော့ဘူး။ ဣနြေ္ဒပျက်လွန်းတဲ့ အနေအထားအဆင့်ထိ ဆောင့်တက်သွားတဲ့ စိတ်အညံ့စား။
အငြိုးအတေးထားသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အငြင်းသန်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အငြင်းပွားချင်နေသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အစသတ်လိုက်သောစိတ်
- စိတ်ကို စောင့်ကြည့်သိမှတ်နေတဲ့ စွမ်းအားတွေကောင်းလာရင် စိတ်ထဲဝင်လာတဲ့ ဘယ်လို စိတ်အမျိုးအစားကိုပဲဖြစ်ဖြစ် သိသိချင်း အစသတ် ဖြတ်ပစ်လိုက်တဲ့နည်းကိုသာ အသုံးပြုနေတဲ့ စိတ်အဆင့်။
အစအနမကျန်အောင် ချုပ်ပျောက်နေသောစိတ်
- စိတ်ထဲဝင်လာသမျှ စိတ်တွေဟာ ၀င်လာပြီးတာနဲ့ အစအနမကျန်အောင် ချုပ်ပျောက်နေတာ စိတ်တွေရဲ့ သဘာဝပဲ။ သိစရာ အာရုံတွေနဲ့ စောင့်ကြည့်သိမှတ်နေတဲ့ အသိတွေကလည်း အစအနမကျန်အောင် ချုပ်ပျောက်နေတာကို အသိတင်ကြည့်ရင်း သိနေရတဲ့စိတ်။