နှိပ်ကွပ်သောစိတ်
- မိမိစိတ်ထဲမှာကို တော်လှန် အုံကြွသောင်းကျန်း ဆန့်ကျင်တောင်းဆိုနေတဲ့ စိတ်တွေရှိနေတယ်။ အသိ-သတိ ကြီးစွာထားပြီး မိမိစိတ်ကို စောင့်ကြည့်သိမှတ် ဖိနှိပ်ထားနိုင်မှ သက်သာမယ်။
နှိပ်စက်သောစိတ်
- မိမိစိတ်ကသာ မိမိကို သေအောင်သတ်နေတာပဲ။ မိမိစိတ်ကသာ မိမိဘာမှမလုပ်ချင်အောင် နှောင့်ယှက်နှိပ်စက်နေတာပဲ။
နှမ်းဖြူးစိတ်
- အထက်ကလူကိုဖားပြီး အောက်ကလူကို ဖိနှိပ်အနိုင်ကျင့်သူတွေဟာ ကိုယ်တိုင်ဘာမှမလုပ်ဘဲ အထက်လူကြီးတွေ စစ်ဆေးဖို့ ရောက်လာပြီ ဆိုရင်တော့ သူကိုယ်တိုင် ဦးဆောင်ပြီး အပင်ပန်းခံလုပ်နေသလိုလို ဟန်ဆောင်တတ်တယ်။ အထက်လူကြီးတွေ ရှေ့မှာ ဟန်ပြလုပ်ပြနေတဲ့ နှမ်းဖြူးစိတ်။
နှိမ်နင်းစိတ်
- အသိ-သတိနဲ့ ထိန်းချုပ်ပြီး စိတ်ကိုစောင့်ကြည့်သိမှတ်ရင်း သောင်းကျန်းစွာ ဆန္ဒပြ၊ တပ်မက်ဆာလောင်ပြနေတဲ့ စိတ်အသွားအလာရဲ့ အတက်အကျအရှိန်ကို နှိမ်နင်းနေတဲ့စိတ်။
နှိမ့်ချစိတ်
- ပညာရှိတွေဟာ ၀ါးကိုင်းလိုနေတတ်တယ်တဲ့။ ၀ါးပင်က ၀ါးကိုင်းတွေဟာ အမြင့်ကိုရောက်လေ ထိပ်ဖျားက အောက်ကို ညွတ်ကျနေတယ်။ မိမိကိုယ်မိမိ နှိမ့်ချစွာ နေနေတဲ့ စိတ်အနေအထား။

Next Chapter »