(၁၁) သတ္တ၀ါတွေအပေါ်မှာ လျစ်လျူရှုထားနိုင်တဲ့ ဥပေက္ခာ စေတသိက်

မေတ္တာစိတ်လို ဘယ်သူ့ကိုမှ ချစ်တာမျိုး မရှိဘူး။

ဒေါသစိတ်လို ဘယ်သူ့ကိုမှ မုန်းတာမျိုး မရှိဘူး။

ကရုဏာစိတ်လို ဘယ်သူ့ကိုမှ သနားတာမျိုးမရှိဘူး။

မုဒိတာစိတ်လို ဘယ်သူ့ကိုမှ ၀မ်းမြောက်ကျေနပ်တာမျိုး မရှိဘူး။

ဘာ့ကြောင့်ပဲဖြစ်ဖြစ် စိတ်ထဲမှာ လှုပ်လှုပ်ရှားရှား မဖြစ်တော့ဘူး။

ကောင်းခြင်း၊ မကောင်းခြင်းဟာ သတ္တ၀ါတွေရဲ့ ကံပဲ။

မကောင်းလည်း သူ့ကံ၊ ကောင်းလည်း သူ့ကံပဲလို့ သဘောထားလိုက်တဲ့စိတ်။

ချစ်ခြင်းဘက်မှာ ခံစားမှုမရှိသလို၊ မုန်းခြင်းဘက်မှာလည်း ခံစားမှုမရှိဘူး။

အာရုံခြောက်ပါးနဲ့ ပတ်သက်ပြီး အညီအမျှဖြစ်နေတဲ့ ဥပေက္ခာအစစ်။

(ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် ဖြစ်ချင်သလို ဖြစ်ပါစေဆိုပြီး ပစ်စလက်ခတ် စွန့်ပစ်ထားလိုက်တာက ဥပေက္ခာအတု)

ပေါ်လာသမျှ အာရုံရော၊ အာရုံကိုသိနေတဲ့ အသိရော နှစ်ခုလုံး

မရှိတော့တာကို ထပ်ဆင့်သိနေတဲ့ အသိပေါ်မှာပါ

ကျေနပ်သာယာနေတဲ့ စိတ်မဖြစ်တော့ဘဲ လျစ်လျူရှုနိုင်နေတဲ့

ဉာဏ်အဆင့်ကတော့ အမြင့်ဆုံးပဲ။

“အာရုံခြောက်ပါးမှ လျစ်လျူရှုနေရတဲ့အတွက် ဒီဉာဏ်နဲ့

ပြည့်စုံနေသူဟာ ဆဠဂုင်္ပေက္ခာနဲ့ ပြည့်စုံနေတယ်” လို့

မဟာစည်ဆရာတော်ဘုရားကြီး ရေးသားတော်မူတဲ့ ပုရာဘေဒသုတ်တရားတော်မှာ ပါရှိပါတယ်။