စိတ်ကိုကောင်းအောင် ခြယ်လှယ်တဲ့ စေတသိက်များ

(၁) အမှန်ဖြစ်တဲ့အကြောင်းကိုသာ ယုံကြည်တဲ့ သဒ္ဓါ စေတသိက်

စိတ်ကိုကောင်းအောင် ပံ့ပိုးပေးတဲ့ စေတသိက်ဖြစ်လို့

ဒီသဒ္ဓါစေတသိက်က လူတွေဆီမှာ ရှိသင့်တဲ့ စိတ်အမျိုးအစားပဲ။

ကံ ကံရဲ့အကျိုးကို အမှန်တကယ် ရှိတဲ့အကြောင်းအရာအဖြစ် ယုံကြည်တဲ့ သဒ္ဓါစိတ်အစစ်။

စိတ်ကိုကြည်လင်အောင် စင်ကြယ်အောင် ပြုလုပ်ပေးတဲ့သဘောဟာ သဒ္ဓါစေတသိက်

အတိတ်ကာလ၊

ပစ္စုပ္ပန်ကာလ၊

အနာဂတ်ကာလ ဆိုတဲ့ အချိန်တွေရဲ့ ရှိနှင့်ပြီးသား သဘာဝနဲ့ ပတ်သက်ပြီး၊

အချိန်သုံးခုရဲ့ မှန်ကန်တဲ့အကြောင်းအရာတွေကို ယုံကြည်တဲ့ သဒ္ဓါအစစ်၊

သဒ္ဓါသဘောက ကုသိုလ်အစစ်

သဒ္ဓါအစစ်လို့ဆိုနေတော့ သဒ္ဓါအတုလည်း ရှိနေတဲ့သဘောဖြစ်လာတယ်။

ဟုတ်တယ်။

အယူအဆမှားနေတာကို ယုံကြည်ခြင်းဟာ သဒ္ဓါနဲ့ရာဂ ရောနေတယ်။

လူတစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်၊ ကြင်နာခြင်းအပေါ်မှာ အခြေခံတဲ့သဘောက ရာဂ(ပေမ)၊

သံယောဇဉ်နဲ့ ချစ်ခြင်းသဘောတွေ ပါနေရင် သဒ္ဓါအတု၊