မြတ်စွာဘုရားသည် ကောသလတိုင်း ကေသမုတ္တိနိဂုံးသို့ ကြွရောက်တော်မူကြောင်း၊ ကေသမုတ္တိနိဂုံးသားတို့ ကြားသိရသောအခါ ဘုရားရှင် ရှိရာသို့ ချဉ်းကပ်ကြပြီးလျှင် အယူဝါဒဆိုင်ရာ ပြဿနာများကို မေးလျှောက်ကြလေသည်။

“အရှင်မြတ်စွာဘုရား တပည့်တော်တို့ ကေသမုတ္တိနိဂုံးသို့ ရောက်လာကြကုန်သော သမဏဗြဟ္မဏတို့ဟာ မိမိတို့ အယူဝါဒကသာ မှန်ပြီး အခြားအခြားသော သမဏဗြဟ္မဏတို့ရဲ့ အယူအဆတွေက မမှန်ကန်ဟု စွပ်စွဲကြတယ်။ ရှုတ်ချပုတ်ခတ် ကဲ့ရဲ့ကြကုန်တယ်။

အဘယ် သမဏဗြဟ္မဏရဲ့ အယူဝါဒက မှန်ပြီး အဘယ်သမဏဗြဟ္မဏရဲ့ အယူဝါဒက မမှန်စကား ဆိုပါသနည်းလို့ လျှောက်ကြတယ်။”

ဒီအခါမှာ မြတ်စွာဘုရားက ကာလာမမင်းတို့ သင်တို့ တွေဝေ၊ ယုံမှား သံသယဖြစ်ခြင်းသည် ဖြစ်သင့်ပေတယ်။

ယုံမှား သံသယဖြစ်ထိုက်သောအရာတွင် ယုံမှားသံသယ ဖြစ်မည်သာဖြစ်တယ် ဆိုပြီး မယုံကြည်အပ်တဲ့ အချက် (၁၀) ချက်ကို အဓိက ထားပြီး သိကြရမယ်ဆိုပြီး ဟောကြားတော်မူပါတယ်။

ဟုဟောကြားတော်မူတဲ့အခါမှာ ကာလာမမင်းတို့သည် အကြောင်းမဲ့ မယုံကြည်ထိုက်ကြောင်းကို ရှင်းလင်းစွာ သိကြကုန်တယ်။