ဌာနစွဲစိတ်
- မိမိမှ မိမိ၊ မိမိ မိသားစုမှ မိသားစု၊ မိမိအသိုင်းအ၀ိုင်းမှ မိမိအသိုင်းအ၀ိုင်း၊ မိမိအလုပ်မှ မိမိအလုပ်၊ စသဖြင့် တစ်စထက် တစ်စ အစွဲအလမ်း ကြီးသွားပြီး မိမိတစ်ဘက်တည်းကိုသာ ကြည့်တတ်တဲ့ အတ္တစိတ်အမျိုးအစား။
ဌီစိတ်
- ဥပါဒ်-ဌီ-ဘင် ဆိုတဲ့ စိတ်တစ်ခုရဲ့ ဖြစ်မှု၊ တည်မှု၊ ပျက်မှု ဖြစ်စဉ်။ ဥပါဒ် = ဖြစ်တယ်။ ဌီ = တည်တယ်။ ဘင် = ပျက်တယ်ဆိုတဲ့ အဓိပ္ပာယ်ထဲက ဌီဆိုတဲ့ စိတ်တည်ရှိခွင့်ဟာ တည်ရှိတယ်ဆိုရုံလေး၊ တည်ခွင့်ရတဲ့ စိတ်သဘော။
ဌာန်ကရိုဏ်းကျသောစိတ်
- စည်းကမ်းနဲ့အညီ စနစ်တကျ၊ စေ့စပ်သေချာ၊ ရှင်းလင်း တိကျ၊ အံဝင်ဂွင်ကျ ပြောဆို နေထိုင်တတ်တဲ့ စိတ်အနေအထား။

Next Chapter »