ဝရုန်းသုန်းကားစိတ်
- အာရုံခြောက်ပါးရဲ့ အဆက်မပြတ် တိုက်ခိုက်နေတဲ့ ထိတွေ့မှု၊ ခံစားမှု၊ လိုချင်တပ်မက်မှု၊ စွဲလမ်းငြိတွယ်မှု၊ ဘ၀အသစ် တစ်ဖန်ပြန်ဖြစ်မှုတွေနဲ့ အိုခြင်း၊ နာခြင်း၊ သေခြင်း သံသရာထဲမှာ ၀ရုန်းသုန်းကား ဖြစ်စေတဲ့ စိတ်အခြေအနေ။
ဝသီပါနေသောစိတ်
- သာမန် စိတ်အနေအထားကနေ ပြုလုပ်ပါများပြီး အကျင့်စရိုက် ဖြစ်သွားတဲ့စိတ်။
ဝါယမ ကောင်းသောစိတ်
- ဘ၀ပြတ်ကြောင်း ကျင့်စဉ်ကို အားထုတ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချပြီးတာနဲ့ အားထုတ်ဖြစ်အောင် လှုံ့ဆော်တိုက်တွန်းတဲ့ စိတ်စေတသိက်တွေက ပံ့ပိုးကူညီကြတယ်။ ပြီးစီးဖြစ်မြောက်အောင် လှုံ့ဆော်ပေးကြတယ်။ မဖြစ်ဖူးသေးတဲ့ အကုသိုလ်စိတ်တွေ ၀င်မလာအောင်၊ ဖြစ်ဖူးတဲ့ အကုသိုလ်စိတ်တွေ ထပ်မဖြစ်အောင်၊ မဖြစ်ဖူးသေးတဲ့ ကုသိုလ်စိတ်တွေ ဖြစ်လာအောင်၊ ဖြစ်ဖူးတဲ့ ကုသိုလ်စိတ်တွေ တည်တံ့ခိုင်မြဲအောင် စိတ်ကို လုံ့လပြု အားပေးကူညီတဲ့အပြင် ကြိုးစားအားထုတ်တဲ့ စိတ်ကိုပါ ထပ်ဆင့် ဖြည့်ဆည်းပေးလိုက်တဲ့ စိတ်အနေအထား။
ဝါရင့်လာသောစိတ်
- ကျောင်းစနေတုန်းက သူငယ်တန်း၊ သူငယ်တန်းကနေ ဆယ်တန်းအထိ ရောက်လာပြီဆိုရင် သူငယ်တန်းတုန်းက သိခဲ့တဲ့ အသိဉာဏ်ထက် အဆပေါင်းများစွာ အသိပညာတွေက ရင့်ကျက်လာပြီ။ ကျောင်းနေခွင့် မရတဲ့သူတွေဆိုရင်လည်း ဘ၀အခြေအနေအရ အလုပ်ထဲ စ၀င်တဲ့အချိန်ကနေ ဆယ်နှစ်ကြာတဲ့အခါမှာ ဘ၀ကသင်ပေးလိုက်တဲ့ပညာတွေ၊ အလုပ်ကသင်ပေးလိုက်တဲ့ ပညာတွေနဲ့ ရင့်ကျက်နေကြပြီ။ အချိန်တွေ ရွေ့လျားပြောင်းလဲနေတာနဲ့အတူ မိမိရဲ့အသိဉာဏ်တွေကလည်း ရင့်ကျက်တိုးတက်မှု ၀ါရင့်လာမှသာ ၀ါရင့်တဲ့ စိတ်အဆင့်ကို ရောက်လာတာ။
ဝါသနာပါသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ဝိတက်စိတ်
- စိတ်ကူးခြင်း၊ ကြံစည်ခြင်း၊ စဉ်းစားခြင်းသဘောဟာ ၀ိတက်စိတ်။
ဝိစာရစိတ်
- အာရုံတစ်ခုခုကို အထပ်ထပ်အခါခါ သုံးသပ်ခြင်းသဘောဟာ ၀ိစာရစိတ်။
ဝိရောဓိစိတ်
- ဖြစ်ချင်နေတဲ့စိတ်နဲ့ မဖြစ်ချင်တဲ့စိတ် နှစ်ခုထဲက တစ်ခုခုကို ပြတ်ပြတ်သားသား ရွေးချယ်ဆုံးဖြတ်လို့ မရသေးဘဲ ဖြစ်ချင် သလိုလို၊ မဖြစ်ချင်သလိုလို နှစ်မျိုးကွဲပြားနေတဲ့စိတ်။
ဝိ၀ါဒကွဲနေသောစိတ်
- အချေအတင် ပြောဆိုနေရတုန်း အနေအထား။ အငြင်းအခုန်ဖြစ်နေရဆဲ အနေအထား။ ညှိနှိုင်းလို့မရသေးတဲ့ အနေအထားတွေမှာ မတူကွဲပြား ဖြစ်နေကြတဲ့ စိတ်အမျိုးအစား။
ဝီရိယကောင်းသောစိတ်
- ၀ီရိယ = အားထုတ်မှု။ လူတွေနဲ့ ပတ်သက်နေတဲ့ ဘယ်လိုအလုပ်ပဲဖြစ်ဖြစ်၊ တရားနဲ့ပတ်သက်တဲ့ ဘယ်လိုကျင့်စဉ်ပဲ ဖြစ်ဖြစ်၊ အားထုတ်မှု စွမ်းအားအပြည့်နဲ့ တည်ဆောက်တဲ့အလုပ်တိုင်းဟာ အကောင်းဆုံးအဆင့်နဲ့ ပြီးစီး အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြတယ်။ ဒါဟာ ၀ီရိယစိတ်ပဲ။