ဂယက်ထသွားသောစိတ်
- ငြိမ်နေတဲ့ ရေကန်တစ်ခုထဲကို တစ်စုံတစ်ရာ ပြုတ်ကျသွားရင် ဂယက်ရိုက်သွားတဲ့ ရေလှိုင်းက ရေပြင်အနားသတ်နေရာထိ ရိုက်ခတ်သွားတဲ့သဘော။ တုန်လှုပ်ချောက်ချားစရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရတဲ့အချိန်မှာ အမြင်ကတစ်ဆင့်၊ အာရုံကြော အဆင့်ဆင့်၊ ဦးနှောက်ကတစ်ဆင့် အာရုံကြောအဆင့်ဆင့်၊ နှလုံးရဲ့တုန်ခါမှု အဆင့်ဆင့်ကနေ သွေးကြောအဆင့်ဆင့်၊ သွေးလည်ပတ်မှုတွေမြန်၊ အသက်ရှူနှုန်းတွေမြန်၊ အသားတွေတုန်၊ လှုပ်လှုပ်ရှားရှားတွေဖြစ်ကုန်။ မြင်လိုက်ရတဲ့မြင်ကွင်းက မရှိတော့ပေမယ့် အမြင်ကြောင့်ဖြစ်တဲ့ အရှိန်အဆင့်ဆင့်က တစ်ကိုယ်လုံးဆီ ဂယက်ရိုက်နေတဲ့ စိတ်အရှိန်။
ဂရုစိုက်သောစိတ်
- တကယ့်ဆရာဝန်အစစ်တွေရဲ့ စိတ်မျိုး၊ သူနာပြုအစစ်တွေရဲ့ စိတ်မျိုးနဲ့ လူနာအားလုံးအပေါ်မှာ တစ်ပြေးညီ စိတ်ထားပြီး ဂရုစိုက်သလို၊ မိခင်အစစ်၊ ဖခင်အစစ်တွေရဲ့ စိတ်မျိုးနဲ့ သားသမီးအကုန်လုံးအပေါ်မှာ တစ်ပြေးညီ စိတ်ထားပြီး ဂရုစိုက်သလို၊ တိုင်းပြည်တစ်ပြည်ရဲ့ ခေါင်းဆောင်တွေအနေနဲ့လည်း တိုင်းသူပြည်သားအားလုံးရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေးအစရှိတဲ့ လိုအပ်ချက်တွေကို ဖြည့်ပေးဖို့ အတတ်နိုင်ဆုံး ကြိုးစားပြီး ဂရုစိုက်သလို၊ စိတ်ရဲ့ဖိစီးမှု၊ ညှင်းပန်းနှိပ်စက်မှုကြောင့် စိတ်ဝေဒနာအမျိုးမျိုးကို ပုံစံအမျိုးမျိုးနဲ့ ခံစားနေရတဲ့ လူသားအားလုံးရဲ့ စိတ်ဒဏ်ရာတွေ သက်သာအောင်၊ ဆွေးနွေး ဖေးမကူညီပြီး ဂရုစိုက်သလို၊ အသက်ရှင်စဉ်အချိန်လေးမှာ လူသားအချင်းချင်း ဂရုစိုက်တဲ့စိတ်။
ဂယောင်ချောက်ချားစိတ်
- တုန်လှုပ်စရာ ခံစားမှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရတဲ့အချိန်မှာ အသိစိတ်နဲ့ သတိစိတ် မရှိလို့ လှုပ်ခတ်သွားတဲ့ စိတ်ပုံစံ။
ဂုဏ်တုဂုဏ်ပြိုင်စိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ဂုဏ်ဒြပ်ကြီးမားသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ဂုဏ်ပကာသနမက်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ဂုဏ်ယူဝမ်းမြောက်သောစိတ်
- သူတစ်ပါး အောင်မြင်တိုးတက် ကြီးပွားချမ်းသာခြင်းအပေါ်မှာ မိမိကိုယ်တိုင် ခံစားရသလို စိတ်ထဲမှာ ဖြစ်ပေးပြီး လှိုက်လှိုက်လှဲလှဲ ၀မ်းသာပေးလိုက်တဲ့ စိတ်အနေအထား။
ဂုဏ်ရှိချင်ယောင်ဆောင်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ဂုဏ်သိက္ခာမရှိသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ဂုဏ်သတ္တိရှိသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ဂန္တ၀င်မြောက်သောစိတ်
- ကမ္ဘာတည်သရွေ့ သမိုင်းတွင် ကျန်ရစ်စေတဲ့ စိတ်အဆင့် အမြင့်ဆုံးစိတ်။
ဂျင်ခြေလည်သောစိတ်
- နေရာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ အလုပ်ပေါင်းစုံ ရှိတဲ့နေရာတွေထဲမှာ သူ့နေရာနဲ့သူ အံဝင်ဂွင်ကျဖြစ်မယ့် စရိုက်ကို ချက်ချင်း ပြောင်းလဲနိုင်တဲ့ စိတ်ပုံစံ။ နှံ့စပ်တဲ့ပညာ၊ လူလည်ကျတဲ့ပညာ၊ ဗြောင်လိမ်တဲ့ပညာ၊ ဗိုလ်ကျ အနိုင်ကျင့်တဲ့ပညာ၊ အန္တရာယ် မရှိအောင် ရှောင်တိမ်းတတ်တဲ့ပညာ စတဲ့ဉာဏ်နီ ဉာဏ်နက်ပညာတွေကို လိုအပ်သလို အသုံးချပြီး လှုပ်ရှားနိုင်တဲ့ စိတ်ပုံစံ။
ဂျစ်ကန်ကန်စိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။

Next Chapter »