နှစ်ပေါင်း ၄၁ နှစ်၊ နေ့စဉ် နေ့တိုင်း (အချိန်တိုင်းဆိုရင် ပိုမှန်တယ်။)

ခံစားမှုကိုပဲ အဓိက အသုံးချနေရတယ်။

ခံစားမှုတွေ ပီပြင်အောင် အတွေးကို အကူအညီယူရတယ်။

ဆိုတော့

ခံစားမှုနဲ့ အတွေးကို စွဲမှန်းမသိ၊

စွဲနေတာ၊ ကိုယ့်ကိုယ်ကို မသိဘူးဖြစ်နေတယ်။

ဒီဘက် ရဟန်းဘ၀ ရောက်တော့မှပဲ စိတ်လေ့ကျင့်ခန်းတွေ စနစ်တကျ တည်ဆောက်တဲ့အခါမှာ ခံစားမှုဆိုတာ

အန္တရာယ်အကြီးဆုံး အနှောင့်အယှက် စိတ်တစ်ခု ဖြစ်နေမှန်း သိရတော့တယ်။

ခံစားမှုကို အကြောင်းပြုပြီး လုပ်စားခဲ့ရတဲ့ ကျော်ဟိန်းဆိုတဲ့ လူကြီး၊ ရဟန်းဘ၀ရောက်တော့မှ အခက်အခဲတွေ အများကြီး တွေ့ရတော့တယ်။

အားထုတ်တဲ့အခါတွေမှာ အတွေးကိုစွဲနေတဲ့ အကျင့်က ၀င်လာပြီး အစွမ်းပြတဲ့ အကြိမ်ပေါင်းက ခဏခဏပဲ။

တရားအားထုတ်တဲ့သူတွေကို အနှောင့်အယှက် အပေးဆုံးက အတွေးတဲ့။

ကဲ! ရအောင်ကျင့်မယ်။

ကျင့်လို့ရအောင် ကျင့်မယ်ဆိုတဲ့ နောက်ထပ် ခလုတ်တစ်ခုကို ရွှေ့လိုက်ပြန်တယ်။

မခံစားနဲ့တော့၊ ခံစားနေတဲ့စိတ်ကို စွန့်လွှတ်လိုက်တော့လို့ ကိုယ့်ကိုယ်ကို တစ်ချိန်လုံး သတိပေးနေလိုက်တယ်။

လှမ်းကြည့်ရင် မြင်နေရတဲ့နေရာတိုင်းမှာ

ခံစားနေတဲ့ စိတ်ကို စွန့်လွှတ်လိုက်! ဆိုတဲ့ စာတန်းတွေ ကပ်လိုက်တယ်။

ရုပ်နာမ်ပစ္စယာအာယတန။

အာယတနပစ္စယာ ဖဿ။

ဖဿပစ္စယာ ဝေဒနာ။

ဝေဒနာပစ္စယာ တဏှာဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ရဲ့ အကြောင်းကြောင့် ဖြစ်တဲ့အကျိုးကို နားလည်အောင် လေ့လာတယ်။

ကိုယ်တိုင် လက်တွေ့ သိကြည့်တယ်။

အလုပ်သဘောအရ စိတ်မှာလာထိတဲ့ အထိအတွေ့၊ အပြင်အာရုံတွေကို ဆွဲယူရတဲ့ အလုပ်သဘော ဖဿပစ္စယာဝေဒနာ။

 
off on