off on

စိတ်ပြုပြင်ခြင်းသဘောမှာ

ပေးခဲ့တဲ့ ဥပမာတွေကို ပြန်သုံးသပ်ကြည့်တော့

ဘိန်းဖြူ ဖြတ်လိုက်နိုင်တာ၊ ရအောင်ဖြတ်မယ်ဆိုတဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ကို

စေတနာစေတသိက်ရဲ့ လှုံ့ဆော်တိုက်တွန်းမှုက ကူညီလိုက်လို့ပဲ။

ယင်းထနေတဲ့ခံစားမှုဟာ

စိတ်အသိကို လာထိနေပေမယ့်

ငြိမ်ဝပ်ကိန်းအောင်းနေတဲ့ စိတ်ကို ထကြွတဲ့အဆင့်ထိ မရောက်ခဲ့ဘူး။ ဘာဖြစ်လို့လဲ?

စေတနာစေတသိက်ရဲ့ လှုံ့ဆော်တိုက်တွန်းမှု ခလုတ်ကို

ပြင်းထန်တဲ့ဆန္ဒနဲ့ ကောင်းတဲ့ဘက်မှာ ရွှေ့ထားနိုင်လို့ပဲ။

ကျော်ဟိန်းရဲ့ ဘ၀ကို အဆုံးသတ်လိုက်နိုင်တာ၊

စေတနာစေတသိက်ရဲ့ လှုံ့ဆော်တိုက်တွန်းမှု ခလုတ်ကို

ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားတဲ့အတိုင်း အကောင်အထည်ဖော်မယ့်ဘက်မှာ

ပြင်းထန်တဲ့ဆန္ဒနဲ့ ရွှေ့ထားနိုင်လို့ပဲ။

နှစ်ပေါင်း ၄၁ နှစ်

စွဲနေတဲ့ ခံစားမှုနဲ့ အတွေးကို ဖြတ်ပစ်လိုက်နိုင်တာဟာ

စိတ်ကိုလာထိတဲ့ ဖဿစေတသိက်သဘောကို သိသွားလို့ရယ်၊

ဒုက္ခဖြစ်စေတဲ့ ဝေဒနာစေတသိက်သဘောကို မြင်သွားလို့ရယ်၊

ခံစားမှုအစွဲနဲ့ အတွေးအစွဲတွေဟာ

အချိန်မရွေး ထကြွသောင်းကျန်းလာရင် အသေမဖြောင့်နိုင်တဲ့

မောဟစေတသိက်ကို သတိထားမိသွားလို့ရယ်၊

ကောင်းတဲ့ဘက်မှာရော၊ မကောင်းတဲ့ဘက်မှာရော၊

လှုံ့ဆော်တိုက်တွန်းတတ်တဲ့

စေတနာစေတသိက်ကို ထိုက်တန်တဲ့နေရာမှာထားပြီး

အသုံးချတတ်မှ ဖြစ်မယ်ဆိုတာကို လုံးဝ (လုံးဝ) သဘောပေါက်သွားလို့

စိတ်တွေကို လိုသလို ပြုပြင်လို့ရတာ!

Next Chapter »