ဝင့်ကြွားသောစိတ်
- ကြွားဝါတတ်တဲ့၊ လေလုံးထွားတတ်တဲ့၊ ကြွားလုံးထုတ်တတ်တဲ့ စိတ်အမျိုးအစား။
ဝင့်ဝါသောစိတ်
- အလွန်မာနကြီးတဲ့၊ မောက်မာတဲ့ စိတ်အမျိုးအစား။
ဝိုင်းလုပ်ဝိုင်းစားစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ဝိုင်းဝန်းကူညီသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ဝတ်ကျေတမ်းကျေစိတ်
- စိတ်ပါလက်ပါ အားကြိုးမာန်တက် အလုပ်လုပ်တာမျိုး မဟုတ်ဘူး။ အလုပ်ထဲမှာ စိတ်ဝင်စားမှုမရှိဘဲ၊ အလုပ်လုပ်နေတဲ့ သဘောမျိုးလောက်သာ လှုပ်ရှားပြနေတဲ့ ဟန်ဆောင်စိတ်။
ဝတ္တရားကျေပွန်သောစိတ်
- ပေးအပ်ထားတဲ့ တာဝန်ကို ဆောင်ရွက်တဲ့နေရာမှာ အလုပ်ပြီးဆုံးသွားတဲ့အထိ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကုန်ထုတ်သုံးပြီး မခိုမကပ် စေတနာအပြည့်နဲ့ လှုပ်ရှားပေးတဲ့ စိတ်အမျိုးအစား။
ဝန်ခံတတ်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ဝန်ချလိုက်သောစိတ်
- ဟုတ်ကဲ့ ကျွန်တော်မှားပါတယ်။ မှားသွားပါတယ်။ တောင်းပန်ပါတယ်။ နောင်ကို ဒီလိုအမှားမျိုး ဘယ်တော့မှ မဖြစ်စေရတော့ပါဘူး။ ကတိပေးပါတယ်လို့ ၀န်ချတောင်းပန်လိုက်တဲ့ စိတ်အမျိုးအစား။
ဝန်ဆောင်မှုကောင်းသောစိတ်
- လူအများနဲ့ ဆက်ဆံရတဲ့နေရာတွေမှာ အသုံးပြုရတဲ့ စိတ်အနေအထား။ မိမိအလုပ်ထဲကို အလုပ်သဘောအရ ရောက်လာတဲ့ သူတိုင်းရဲ့ လိုအပ်ချက်တွေကို စည်းကမ်းနဲ့အညီ လိုက်လျောပေးသင့်တဲ့ အတိုင်းအတာအထိ စေတနာအပြည့်နဲ့ ကူညီမယ်။ မငြီးမငြူ ပြုံးချိုသော ပုံစံနဲ့ ဆောင်ရွက်ပေးမယ်ဆိုတဲ့ စိတ်စည်းကမ်း။
ဝန်တိုတတ်သောစိတ်
ဝန်ထုပ်ဝန်ပိုးစိတ်
- အကြောင်းအမျိုးမျိုးကြောင့် ယူခဲ့ဖူးတဲ့ တာဝန်တွေ ပျက်ကွက်လျော့နည်းလာရင် မိမိရဲ့ တာဝန်မယူနိုင်တော့မှုအပေါ်မှာ မိမိကြောင့် တစ်ဘက်သား တာဝန်ပိုယူလိုက်ရတာမျိုးတွေ မဖြစ်စေချင်တဲ့ စိတ်ပူစိတ်။
ဝန်လေးနေသောစိတ်
- လူအများစု ဒုက္ခရောက်မှာ သေချာနေတဲ့ အလုပ်ကြီးတစ်ခုကို မှားနေမှန်းသိလျက်နဲ့ သဘောတူကြောင်း ခေါင်းငြိမ့်ပြဖို့ အခက်အခဲ ဖြစ်နေတဲ့ စိတ်အနေအထား။
ဝုန်းဒိုင်းကြဲနေသောစိတ်
- လုပ်ချင်သလို လုပ်ချင်နေတဲ့ စိတ်အနေအထား အမြင့်ဆုံး ရောက်နေတဲ့အချိန်မှာ လက်တွေ့ လုပ်ခွင့်မရမချင်း စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ စိတ်အနေအထား။
ဝပ်စင်းသွားသောစိတ်
- ဆင်ရိုင်းတစ်ကောင်ဟာ ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်တဲ့ ဆင်ထိန်းရဲ့ချွန်းကြောင့် ရိုင်းစိုင်းမှုတွေ လျော့ကျသွားတဲ့ စိတ်သဘော။
ဝမ်းတွင်းရူးနေသောစိတ်
- အတိုင်းထက်အလွန် အဆင့်ကိုရောက်နေတဲ့ အမူအရာတွေ၊ အပြောအဆိုတွေ၊ လှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့သူကို သတ်မှတ်ကြတဲ့ စိတ်အမျိုးအစား။