သိတဲ့စိတ်ရဲ့ သဘောကိုသိကြည့်ခြင်း

လူ့လောကထဲကို လူအဖြစ်နဲ့ ရောက်ရှိလာတည်းက ခန္ဓာကိုယ်နဲ့အတူတူ ပါလာတဲ့ စိတ်လေးခုထဲက သိတဲ့စိတ်

ပေါ်လာသမျှ အာရုံတွေကို သိရုံသိပေးတဲ့ စိတ်။

မျက်စိက မြင်ရင် မြင်သိစိတ် ဖြစ်ပေးတယ်။

နားကကြားရင် ကြားသိစိတ် ဖြစ်ပေးတယ်။

အနံ့ရရင် နံသိစိတ် ဖြစ်ပေးတယ်။

အရသာနဲ့ ပတ်သက်ရင် အရသာသိစိတ် ဖြစ်ပေးတယ်။

ခန္ဓာကိုယ် အထိအတွေ့ဖြစ်ရင် ထိသိစိတ် ဖြစ်ပေးတယ်။

ကြံစည်တွေးတောမှုနဲ့ ပတ်သက်ရင် ကြံစည်သိစိတ် ဖြစ်ပေးတယ်။

အာရုံတစ်ခုပေါ်လာရင် ခံစားစိတ်၊ မှတ်သားစိတ်၊ သိတဲ့စိတ်၊ လှုံ့ဆော်တိုက်တွန်းစိတ် လေးခု စုပြုံရောက်လာတယ်။

ကိုယ့်အလုပ်ကိုယ် လုပ်ကြတယ်။

(ဒါဟာ စိတ်လေးခုရဲ့ သဘာဝတာဝန်တွေပဲ။)

ဝိညာဏ်သိစိတ်က သူ့အလုပ်၊ သူ့တာဝန်အရ သိရမယ့်အလုပ်ကို သိရုံသိပေးတဲ့ အလုပ်ကိုပဲလုပ်တာ။

အမှားအမှန် ခွဲခြားပြီးသိတဲ့ ဉာဏ်ပညာအသိနဲ့ သိတာမျိုးမဟုတ်ဘူး။

စိတ်လေးမျိုးမှာ ဘယ်စိတ်က ဘာအလုပ်ကို လုပ်လိုက်တယ်။

ဘာအလုပ်ကို လုပ်နေတယ်ဆိုတာကို သိပေးတာက

သိကျင့်အားထုတ် တည်ဆောက်ထားတဲ့ အသိဉာဏ်က သိပေးနေတာ။

စိတ်လေးခုထဲက ၀ိညာဏ်က မွေးရာပါ သိတဲ့စိတ်

အသိဉာဏ်က တည်ဆောက်ယူရတဲ့ ဉာဏ်ပညာအသိ သိတာချင်း မတူဘူး။

သိစရာရှိတာတွေထဲက

သိကိုသိရမှာတွေကို တကယ်သိဖို့ အသိက

ကိုယ်တိုင်လက်တွေ့ သိကြည့်မှသာ အသိဉာဏ်ရဲ့ သိခြင်းသဘောကို သိမှာ
ဒါပေမယ့်……

ဘယ်လိုပုံစံနဲ့ သိသိ

ဘယ်လောက်ပဲ သိသိ သိခြင်းဟာ ခဏလေးပဲ။

သိလိုက်တဲ့ သိခြင်းကို ငါသိတယ်လို့ ငါခေါင်းစဉ်တပ်ပြီး စွဲလမ်းခွင့် မရှိဘူး။

သိနိုင်အောင် လေ့ကျင့်ထားတဲ့ အသိကသာ သိနေတာ။

ငါသိတာမဟုတ်ဘူး။

လေ့ကျင့်တဲ့အသိကလည်း လှုံ့ဆော်တိုက်တွန်းတဲ့ စိတ်ကြောင့်သာ လေ့ကျင့်ဖြစ်တာ။

ငါလေ့ကျင့်တာ မဟုတ်ဘူး။

စောင့်ကြည့်သိမှတ်နေတဲ့ အသိနဲ့ သတိရဲ့ လေ့ကျင့်မှုပဲ။

အဲဒီအသိနဲ့ သတိက ငါမဟုတ်ဘူး။