ပဋိစ္စသမုပ္ပါဒ်မှာ ဒုက္ခက လွတ်မြောက်အောင် ရုန်းထွက်နိုင်ဖို့ ဖော်ပြထားတာ ရှိတယ်။

ပစ္စုပ္ပန်အကျိုးအလွှာနဲ့ ပစ္စုပ္ပန်အကြောင်းအလွှာကြားက အစပ်တစ်ခုဖြစ်တဲ့

ဝေဒနာ ပစ္စယာတဏှာ

ဒုက္ခဖြစ်ကြောင်းဖြစ်တဲ့ တဏှာအဆင့် မရောက်ခင် ခံစားနေတဲ့ ဝေဒနာစိတ်အဆင့်မှာ ဖြတ်ခိုင်းတယ်။

ဒုက္ခက လွတ်မြောက်ဖို့က

စိတ်ထဲဝင်လာသမျှ စိတ်တွေကို စောင့်ကြည့်သိမှတ်ပြီး

သိရုံသိပါ။

မခံစားပါနဲ့။

မီးလောင်တယ်ဆိုတာ လောင်စာရှိလို့ လောင်တာ

မိမိစိတ်ထဲမှာလည်း ခံစားမှုလောင်စာရှိနေလို့ ပူလောင်တာကို ခံစားနေရတာပဲ။

လုံးဝမခံစားပါနဲ့၊

ဝင်လာသမျှစိတ်တွေကို လက်ခံပြီး ယူမထားပါနဲ့၊

ကြားဖြတ်စိတ်တွေ ၀င်မလာအောင် သတိထားပြီး စောင့်ကြည့်နေပါ၊

ကြားဖြတ်စိတ်တွေထဲမှာ ခံစားမှုအမျိုးမျိုး ပါဝင်နေပါတယ်၊

စိတ်ကို စောင့်ကြည့်သိမှတ်နေတဲ့ အချိန်မှာလည်း

ဘာပဲသိသိ သိရုံပဲ သိပေးနေပါ။

သိမှုအပေါ်မှာ မခံစားပါနဲ့၊ မသာယာပါနဲ့။

(သိမှုဆိုတာလည်း စိတ်တစ်ခုသာ ဖြစ်တဲ့အတွက် စိတ်သဘာဝအရ ခဏလေးပဲဖြစ်ခွင့် ရှိတယ်ဆိုတာကို

သဘောပေါက်ထားရင် ခံစားမှုဆိုတာတွေကို လက်ခံပြီး ခံစားနေသင့်လား?

မခံစားဘဲ စွန့်လွှတ်သင့်လား?)

သိစရာအာရုံနဲ့ အာရုံကို သိကြည့်နေတဲ့ အသိနှစ်ခုဟာ သိကြည့်နေရင်းနဲ့ နှစ်ခုလုံး မရှိတော့ဘူး။

အဲဒီနှစ်ခုလုံးရဲ့ အဆက်မပြတ် ချုပ်ပျောက်နေတာကို သိနေတဲ့ အသိကလည်း သိရုံလေးသိပြီး

ချက်ချင်း မရှိတော့ပြန်ဘူး။

အရာရာဟာ ခဏလေးအတွင်းမှာ အဆက်မပြတ် ချုပ်ပျောက်နေတဲ့ သဘာဝဆိုတာကို သိနေရင် ခံစားမှု ဆိုတာ မရှိသင့်ဘူးလို့ သဘောပေါက်ပေးရတော့မယ်။

Next Chapter »